Part 3

628 57 5
                                    

ပထမဆုံးတွေ့ဆုံခြင်း~~

မတ်ချူး ဒီနေ့ပုံမှန်ထက်အလုပ်များနေသည်။
မေမေ့ကိုလဲသွားကြိုရမည်
ဆိုင်ကိုလဲ
Menuအသစ်အတွက် Promotion ရှိတာကြောင့် အခြေအနေကြည့်ဖို့သွားရမည်။
ပြီးတော့ ဟာအိုဟျောင်းနဲ့လဲသွားတွေ့ရအုံးမည်။

မတ်ချူး မိသားစုက ကနေဒါမှာနေတာဖြစ်ပြီး မတ်ချူးက ကိုးရီးယားက ဖေဖေရဲ့မေမေအဘွားဖြစ်သူဆီလာနေတာဖြစ်သည်။

အဘွားဖြစ်သူက မနှစ်ကမှဆုံးသွားပြီး အခုတော့မတ်ချူးတစ်ယောက်တည်းသာနေသည်။

မေမေတို့က ကနေဒါကိုခေါ်ပေမယ့် မတ်ချူးက ကိုးရီးယားမြေကိုမစွန့်ခွာနိုင်။

Chuဆိုတဲ့Cakeဆိုင်လေးက မတ်ချူးရဲ့ကိုယ်ပိုင်ဆိုင်လေးဖြစ်သည်။

မနေ့ကမှ
မေမေက အလည်လာမယ်လို့ဖုန်းဆက်တာဖြစ်လို့ သွားစရာတွေတန်းစီနေသည်။
ဖျက်ပြစ်လို့လဲမရ အရင်ဆုံးမေမေ့ကိုသွားကြိုရမည်။
မနက် 7နာရီ လေယာဥ် ဆင်းတာမို့ ခရီးပန်းလာတဲ့မေမေ့ကို အိမ်အမြန်ပို့ပေးရသည်။

ပြီးတာနဲ့
မတ်ချူး ​ေဟာအိုဟျောင်းဆီသွားဖို့ပြင်ရသည်။ဟာအိုဟျောင်းက မတ်ချူးနဲ့ရင်းနှီးတဲ့တစ်ဦးတည်းသောအစ်ကိုဖြစ်သည်။

ဟာအိုဟျောင်းနဲ့မတ်ချူးက အသက်၂နှစ်ကွာပေမယ့် အတွေးတွေ အကျင့်တွေတော်တော်လေးတူတာကြောင့် ညီအး်ကိုအရင်းတွေလိုရင်းနှီးသည်လို့ပြောလို့ရသည်။

ဟာအိုဟျောင်းက သူ့ချစ်သူကောင်လေးနဲ့မိတ်ဆက်ပေးဖို့ ကျွန်တော့်ကိုခေါ်တယ်ဆိုတာဆိုင်ရောက်မှသိရသည့်အဖြစ်...။

"ဟျောင်း ရောက်နေတာကြာပြီလား ကျွန်တော်မေမေ့ကိုသွားကြိုနေတာမို့ နောက်ကျသွားတာ..ဟီး"

"ရပါတယ်ကွာ ဟျောင်းတို့လဲရောက်တာမကြာသေးပါဘူး"

ဟာအိုဟျောင်းကအပြုံးလေးနဲ့ပြန်ဖြေရင်း ဘေးက လူကိုအကြည့်ပို့သည်။
အဲဒီအချိန်မှ ဟာအိုဟျောင်းဘေးမှာလူတစ်ယောက်ရှိမှန်း သူ သတိပြုမိတော့သည်။

မတ်ချူးသတိပြုမိတာတွေ့မှ ဟာအိုဟျောင်းကမိတ်ဆက်ပေးလာသည်။

My Ex_Boyfriend(Complete)Donde viven las historias. Descúbrelo ahora