Part 8

469 45 2
                                    

"ခင်ဗျား အခုဘာလုပ်ဖို့စဥ်းစားနေတာလဲ
ကင်ခ်ဂျီအွန်းရှီး"

နှစ်ယောက်လုံး မျက်ရည်တွေအဆက်မပြတ်ကျဆင်းနေပေမယ့် ဘယ်သူမှမသုတ်ဖယ်မိ။
သူတို့ရှေ့မှ လူကိုသာ ပျောက်ကွယ်သွားမလားဆိုတဲ့ စိုးထိတ်မှုတွေနဲ့ အကြည့်တွေပြိုင်ခဲ့ကြသည်။

"ကိုယ်မင်းထက်6နှစ်ကြီးတယ်နော် မတ်ချူး"

မတ်ချူးကို မျက်တောင်မခတ်တမ်းကြည့်နေသူမှပြောလာ၏။
ထိုလူက သူ့ထက်အသက်ကြီးတာကိုအကြောင်းပြနေတာဘဲ

မတ်ချူး ထိုသူ၏စကားကိုနားမဝင် ထိုလူ၏လည်ပင်းမှအိင်္ကျီ အနားစကို ခြေဖျားထောက်၍ ဆွဲပြီး..

"ကျွန်တော့်ထက် အသက်ကြီးတိုင်း ကျွန်တော့်အတွက်အဲလောက်ထိစဥ်းစားပေးရမယ်လို့ဘာကြောင့်ထင်နေတာလဲ ဘယ်သူကသတ်မှတ်ထားလို့လဲ!!.."

မတ်ချူးရဲ့အော်ဟစ်ပြောသံကြောင့်အံ့သြသွားသောထိုလူ့မျက်ဝန်းတွေကိုကြည့်၍ ရင်ဘတ်ထဲတစ်ဆစ်ဆစ်နာလာရ၏။

"ဘာလို့မပြောခဲ့တာလဲ ဟျောင်းဘဲချစ်တတ်တာလား ဟျောင်းဘဲဂရုစိုက်တတ်သူကြီးလို့ထင်နေတာလား ကျွန်တော့်ခံစားချက်ကိုရော ထည့်မတွက်တော့ဘူးလား!!"

"ဟျောင်းက ကျွန်တော့်အချစ်ကိုအထင်သေးနေတာဘဲ..ဒါမှမဟုတ် ကျွန်တော်နဲ့အတူဘာမဆိုရင်ဆိုင်ဖို့ သတ္တိမရှိတာများလား..."

မတ်ချူးမသိတော့ဘူး ဒီစကားတွေဟာထိုလူကိုနာကျင်စေနေမယ်ဆိုရင်တောင် ပြောမှဖြစ်မည်။
ဟျောင်းရဲ့အတွေးတွေဟာ အဆုံးစွန်ထိရောက်၏။

ထိုသုံးမစားမရတဲ့အတွေးတွေကြောင့် သူတို့နှစ်ဦး သေခွဲရော ရှင်ခွဲပါ ကွဲရတော့မှာမဟုတ်ပါလား..။

ဟျောင်းမှာ ကျန်းမာရေး ချို့ယွင်းနေမှန်း မတ်ချူး တကယ်ကိုမရိပ်မိခဲ့ ဟျောင်းကလဲမရိပ်မိအောင် ဟန်ဆောင်ဖုံးကွယ်ထားတာဖြစ်နိုင်၏။လမ်းခွဲစကားပြောတဲ့နေ့တုန်းကဆို အဝတ်အစားကိုလုံခြုံအောင်ဝတ်လာခဲ့သူ အဲဒီနေ့မှမဟုတ် လွန်ခဲ့တဲ့6လလောက်စ မတ်ချူးနဲ့လာတွေ့လျှင် ဒီတိုင်းဘဲဖြစ်သည် မတ်ချူးကသာ လုံးဝမရိပ်မိခဲ့ခြင်း။
အသည်းပျက်စီးနေပြီကို အောင်မြင်နိုင်ခြေကနည်းပေမယ့်အစားထိုးကုသနိုင်သားနဲ့ ဟျောင်းဟာ ကုသဖို့ငြင်းခဲ့သည်တဲ့..။အကြောင်းပြချက်ဟာ သူ့ကြောင့်လို့ဆို၏။

My Ex_Boyfriend(Complete)Where stories live. Discover now