(Final 2)

567 45 4
                                    

နာမည်ကြီး ဆေးရုံ၏ VIP လူနာခန်းတွင် ဆေးရုံလူနာဝတ်စုံ ဆင်တူဝတ်ထားသော လူနှစ်ယောက်ရှိနေသည်။

တစ်ယောက်က ကုတင်ထက်တွင် အပူအပင်ကင်းစွာ လဲလျောင်းနေပြီး တစ်ယောက်က ထိုကောင်လေးရဲ့လက်ကို ဆုတ်ကိုင်၍ မေးကျောတွေထောင်ထနေသည်အထိ အံကြိတ်ထား၏။မျက်ရည်ကျမလာအောင် ထိန်းချုပ်ထားခြင်းဖြစ်မည်။

ဂျီအွန်းမှာ စိုးရိမ်ပူပန်ခြင်း၊ကြောက်ရွံ့ထိပ်လန့်ခြင်းတွေဟာ သူ့စိတ်ကို ဓားနဲ့မွှန်းနေသလို နာကျင်စေသည်။
သူ မျက်ရည်ကျလျှင် မတ်ချူးမနိုးလာမှာသူကြောက်၏။
ထို့ကြောင့် သူထိန်းချုပ်ထားသည်။

ထိုကလေးဟာ သူအတန်တန်တားနေတဲ့ကြားမှ သူစိတ်ပူအောင် သိပ်လုပ်သည်။
သူ့ကို ပြန်လက်စားချေခြင်းဖြစ်မည်။

ဂျီအွန်း အတွေးတွေနဲ့ပတ်လည်ရိုက်နေတဲ့အချိန် ဂျီအွန်းလက်တွေထဲမှ မတ်ချူးလက်သေးသေးလေးဟာ လှုပ်ခတ်လာခဲ့သည်။

ဂျီအွန်းမှာ တုန်ယင်နေသော ရင်ကို တည်ငြိမ်အောင်ကြိုးစားရင်း..

"ကလေး ကလေးနိုးလာပြီလား.."

အသံဟာ စိုးရိမ်ခြင်းကြောင့် တည်တင်းနေတဲ့ကြားထဲမှ တုန်ယင်မှုကို မတ်ချူးခံစားနိုင်သည်။

မတ်ချူးက မျက်လုံးလေးတွေကို ခပ်ဖြည်းဖြည်းဖွင့်ရင်း ဂျီအွန်းကိုကြည့်လာပါ၏။
ထို့နောက် မျက်ရည်တွေအဆမတန်ကျလျက် အားတင်းပြီး ကုတင်ပေါ်မှ ထလာကာ ဂျီအွန်းရင်ခွင်ထဲဝင်တော့သည်။

ထိုအချိန်မှသာ ဂျီအွန်းမှာ ထိန်းချုပ်ထားသမျှ စိတ်တွေအားလုံး လွတ်ထုတ်လိုက်တော့သည်။

ဂျီအွန်းရဲ့ တုန်ယင်နေတဲ့လက်တွေဟာ မတ်ချူးကို တင်းကျပ်စွာသိုင်းဖက်လာသည်။
မျက်ရည်တွေလဲ တာကျိုးသလို ကျနေသည် ဒါဟာ 29နှစ်အရွယ်မှာ အကြောက်ရွံ့ဆုံးအရာတစ်ခုကို ကြုံခဲ့ရလို့ဖြစ်နိုင်ပါသည်။

"ကိုကို.."
မတ်ချူးက အသံတိုးတိုးဖြင့် ဂျီအွန်းအားခေါ်လာသည်။

ဂျီအွန်း စကားပြန်မလာ..
ထို့နောက် ဂျီအွန်းက ရုတ်တရက်ထရပ်၍ သူ့ကုတင်ရှိရာသို့ထသွားသည်။
မတ်ချူးကိုလဲမကြည့်တော့ မေ့မျောနေချိန် အစိုးရိမ်ကြီးစိုးရိမ်နေတဲ့လူ မဟုတ်သလို ဂျီအွန်းကပြုမူနေတော့သည်။

My Ex_Boyfriend(Complete)Where stories live. Discover now