Part 5

433 52 9
                                    

အခန်းလေးတစ်ခုထဲတွင် အသံတိတ်မျက်ရည်တွေတဖွဲဖွဲ ကျနေသော ကောင်ငယ်လေးတစ်ယောက်ရှိနေသည်။
ဒါဟာ မနက်တိုင်းပုံမှန်လိုဖြစ်နေတာ လမ်းခွဲစကားပြောခံရပြီးကတည်းက...

ထိန်းထားသည့်ကြားမှ ရှိုက်သံလေး တစ်ချက်တစ်ချက် ထွက်လာတတ်သေးသည်။

တဖက်မှာ သူချစ်ရတဲ့ကောင်လေးကို နာကျင်စေခဲ့၍ ကိုယ့်ကိုယ်ကို
အပြစ်တင်နေသူ အသက် 29နှစ်အရွယ် အမျိုးသားတစ်ယောက်ရှိနေပြီး
တစ်ခြားတစ်ဖက်မှာတော့
သူဘာများမှားယွင်းခဲ့မိလဲ သူ့မှာဘာပြစ်ချက်လို့ထားခဲ့ခံရသူဖြစ်ရတာလဲ ဆိုတာကို မျက်ရည်တွေနဲ့အဖြေရှာနေသူ 23 နှစ်အရွယ် ကောင်လေးတစ်ယောက်ရှိနေသည်။

အားလုံးဟာ လှပခဲ့ပါ၏။ပျော်ရွှင်ရတဲ့ ချစ်သူဘဝကိုရခဲ့ပြီး ပြည့်စုံတဲ့လူတစ်ယောက်ကိုပိုင်ဆိုင်ခဲ့သည် ဟုထင်ခဲ့မိသည်။ထိုလူဟာ သူ့အတွက်ထာဝရ ရှိနေလိမ့်မည် ဟုလဲ အထင်မှားခဲ့မိသေးသည်။
ဒီခရီးလမ်းကြမ်းတမ်းမယ်ဆိုတာ သေချာသိခဲ့တာတောင် ထိုလူ့လက်ကိုတွဲ၍ ပျော်ပျော်ကြီးလျှောက်လှမ်းချင်ခဲ့သည်။
ဒါပေမယ့်လဲ အားလုံးဟာ အထင်မှားခြင်းသက်သက်သာ..

မတ်ချူး စိတ်တွေလျော့ချကာ မီးဖိုခန်းထဲသို့ထလာခဲ့လိုက်သည် မနက်စာစားရန်ဆိုသည့်အကြောင်းပြချက်ဖြင့်..။

စားစရာသောက်စရာတွေစုံလင်နေတဲ့ ရေခဲသေတ္တာကို ကြည့်ပြီး လူကမျက်ရည်ကျချင်လာပြန်သည်။

ဟျောင်းကသူနဲ့အတူ မတ်ချူးအိမ်တွင်
လာနေတာကြောင့် မနက်တိုင်း
မတ်ချူးနိုးမလာခင် မနက်စာဂရုတစိုက်ပြင်ထားပေးတတ်သည်။
အခုလဲဟျောင်းဟာ သူ့အတွကြိုတင်ပြင်ဆင်ထားခဲ့တဲ့ပုံပါဘဲ...။

ဟျောင်းဗျာ.....

ဟုသာမချိတင်ကဲရေရွက်မိတော့သည်။
ထိုလူမတရား အမှတ်တရတွေပြည့်နေတဲ့ဒီအိမ်ထဲမှာ သူ့ကိုတစ်ယောက်တည်းချန်ခဲ့သည်။ထိုသူကတော့ လမ်းခွဲပြီးရက်တည်းက အိမ်ပြောင်းသွားသည်ထင်ရဲ့..။

အပျင်းကြီးတဲ့မတ်ချူးအတွက် အသင့်စားအများအပြားဝယ်ပေးထားတဲ့ဟျောင်းကြောင့် ဝမ်းနည်းနေသည့်ကြားမှ ပြုံးမိသေးသည်။

My Ex_Boyfriend(Complete)Where stories live. Discover now