Part 2

761 71 0
                                    

အရက်တွေချည်းသောက်နေတာအခုဆို၅ရက်မြောက်။ကမ္ဘာကြီးပြိုလဲသွားသ
လို ဘဝကြီးပျက်စီးသွားသလို အသက်ဆက်ရှင်ဖို့အကြောင်းပြချက်မရှိတော့သလို ၃နှစ်တာပျော်ရွှင်ခဲ့ရတဲ့အချိန်တွေအဆုံးသတ်သွားခဲ့သလို သူ့ဘဝလဲဒီမှာတင်လမ်းဆုံးသို့ရောက်လေပြီ။

"ဟျောင်း ကျွန်တော့်အနားမှာဘယ်အချိန်ထိရှိနေမှာလဲဟင်"

"သက်ဆုံးတိုင်ပေါ့ ကလေးငယ်"

အဲဒီစကားတွေပြောတဲ့အချိန်ကကလေးငယ်မျက်နှာ မြင်ယောင်ကြည့်မိတဲ့အခါ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်နဲ့ရူးတော့မလိုဖြစ်ရသည်။

ဘာလို့များ စကားလုံးလှလှလေးတွေပြောပြီး ရက်စက်နိုင်ရတာလဲ ကင်ဂျီဝန်းရယ်။ မင်းမို့လို အပြစ်မရှိတဲ့ ကလေးငယ်ကိုနာကျင်စေတယ်။

"ဟျောင်း ကျွန်တော်တို့ဝေးသွားရင် ဘယ်လိုဖြစ်သွားမလဲဟင်"

"မင်းသာကိုယ့်အနားမရှိရင် ဟျောင်းလဲအသက်ဆက်ရှင်နိုင်မယ်မထင်ဘူး"

ဟားးးးအရင်ကသောက်ရူးလိုပြောခဲ့စကားတွေ ကတိတွေအားလုံးဟာသုံးစားမရတွေဖြစ်နေပြီလား တကယ်မသိတော့ပါ။

မင်းသာမရှိရင်ကိုယ်အသက်ဆက်မရှင်နိုင်ဘူးတဲ့..အဟက် အခုထိသူအသက်ရှင်နေနိုင်သေးတာဘဲ မျက်နှာပြောင်တိုက်ပြီးတော့လေ..။

အားလုံးဟာပုံပြင်တွေ အလိမ်အညာတွေ..။ တစ်ယောက်နဲ့တစ်ယောက် ချစ်နေကြရုံနဲ့ မဝေးနိုင်တော့ဘူးထင်ခဲ့တာ တစ်သက်တာလုံးခိုင်မြဲနေမယ်ထင်ခဲ့တာ သက်ဆုံးတိုင်ပေါင်းဖက်ရမယ်လို့ထင်ခဲ့တာ..။ကောင်းပြီ သူတို့ကိုဒီလောက်ဝေးစေချင်ကြမှတော့ ပျော်ပျော်ကြီးဝေးကြတာပေါ့...

"ကင်ဂျီဝန်း!! မင်းကိုဒီလိုပျက်စီးဖို့ ဟိုကောင်လေးနဲ့လမ်းခွဲခိုင်းတာမဟုတ်ဘူး!!
ဘာလဲ မင်းကငါ့ကိုဆန္ဒပြနေတာလား"

ဂျီဝန်း ကိုယ့်အတွေးနဲ့ကိုယ်မို့ အခန်းထဲဒယ်ဒီရောက်လာတာမသိလိုက်။ လူတွေကခက်တယ် ဒယ်ဒီကပိုခက်တယ် အသက်ထက်မကချစ်နေပါတဲ့ချစ်သူကို လမ်းခွဲပြီးရင် သူကဒီလိုမနေလို့ ဘာလဲ ကနေရမှာလား ဒါမှမဟုတ် ဒယ်ဒီစိတ်တိုင်းကျ လူလိမ်မာလေးဖြစ်နေရမှာလား အဓိပ္ပာယ်လုံးဝမရှိပါ။

My Ex_Boyfriend(Complete)Where stories live. Discover now