Special Ep 1(BinHao)

430 33 3
                                    

ဟာအို့ ဆေးရုံအနီးရှိခေါက်ဆွဲအေးဆိုင်လေးတွင် ဟန်ဘင်းနဲ့အတူ နေ့လည်စာစားနေကြခြင်းဖြစ်သည်။
ဘာကြောင့်ရယ်မသိ ဆိုင်ထဲတွင် ဟာအိုတို့နှစ်ယောက
ဟာအိုက စားနေရင်းဖုန်းသုံးနေတာကြောင့် ဟန်ဘင်း ဘေးနားမှ အစားကိုပြီးအောင်စားဖို့ ပြီးမှသာ ဖုန်းသုံးရန် တတွတ်တွတ်ပြောနေတော့သည်။

ထိုအချိန် မတ်ချူးIG Accမှ ပိုစ်တစ်ခုတက်လာသည်။

လက်စွတ်ဝတ်ထားသော လက်သူကြွယ်ကို အသားပေးရိုက်ထားသောပုံနှင့်
"Thanks For Everithing Ko Ko
I Love you❤️"ဟူသော ကပ်ပရှင်နဲ့ဖြစ်သည်။

ဒါ သူ့ကိုသက်သက်ကြွားတာ..
ဟာအိုက မဆီမဆို ဘေးနားမှ ခေါက်ဆွဲတွေထပ်ထည့်ပေးနေသော ဟန်ဘင်းကို မျက်စောင်းနဲ့တစ်ချက်ကြည့်သည်။
ဟန်ဘင်းမှာသာ 'မောင်ဘာများမှားလို့လဲ 'ဆိုတဲ့ပုံစံနှင့် မျက်နှာငယ်နေရသည်။

ထို့နောက်  ဟာအိုက ချက်ခြင်းကြီး

"ငါ ဂျူတီဝင်တော့မယ်"ဟုပြောပြီး ထထွက်သွားဖို့လုပ်သည်။

ဟန်ဘင်းမှာ သူ့ကုမ္မဏီနှင့်အလှမ်းဝေးသော ဟာအိုရှိရာနေရာသို့ ခက်ခက်ခဲခဲရောက်လာတာကို မျက်နှာလေးတောင်သေချာမငေးရသေးတာကြောင့် ဟာအို့ကို မနည်းဆွဲထားရသည်။

"ဟာအိုလေး မောင်ဘာများမှားလို့လဲဗျာ.."

အသနားခံဟန် မျက်နှာနှင့်အသံအနေအထားကြောင့် ဟာအိုက တစ်ထစ်လျော့၍ ခုံမှာပြန်ထိုင်ကာ သက်ပြင်းချသည်။
တကယ်လဲ မောင်မှ မမှားတာ မှားတာကသူ
ဟင်းး အချိန်တန် သူလဲမတ်ချူးလို့ လက်သူကြွယ်မှာ လက်စွတ်လေးနေရာချနိုင်မှာပါ..

နေပါအုံး..ဟန်ဘင်းကသူ့ကိုလက်ထပ်ခွင့်တောင်းရင် ဘယ်လိုနေရာမျိုးမှာ ဘယ်လိုပုံစံနဲ့ဖြစ်နိုင်မလဲ..
Hotelတစ်ခုခုမှာ ညစာဖိတ်ကျွေးပြီးတော့လား..
ဒါမှမဟုတ် ကမ်းခြေတစ်နေရာရာမှာဖြစ်လောက်လား
ဟန်ဘင်းရဲ့လက်စွတ်ကရော ဂျီအွန်းဟျောင်းထက် ပိုလှလောက်လား..
ဘာဖြစ်ဖြစ် Romantic တော့ဖြစ်လောက်မှာပါ..ဟိဟိ

သူအတွေးနဲ့အတူ သဘောတကျဖြစ်နေသော ချစ်သူလေးကို ဟန်ဘင်းမှာငေးမဝ

My Ex_Boyfriend(Complete)Where stories live. Discover now