Part 4

499 52 4
                                    

ကင်ခ်ဂျီအွန်း (ခေါ်)ဟျောင်းနဲ့ဆိုင်မှာတွေ့ပြီးနောက်ပိုင်းထပ်မတွေ့ရတော့ဘဲ
မတ်ချူးလဲဆိုင်နဲ့အိမ် သွားလိုက်ပြန်လိုက်
နှင့် အလုပ်ရှုပ်နေတာကြောင့် ခရီးသွားဟန်လွှဲကြုံခဲ့ရတဲ့ ရေစက်လေးပါဘဲလို့မတ်ချူးထင်ခဲ့သည်။

အဲဒီနေ့က ပေးလိုက်တဲ့ပို့စကတ်လေးကို ဟျောင်းမြင်တဲ့အခါဘယ်လိုတွေးမိမလဲတော့မသိ။မတ်ချူး ဘာကြောင့်အဲလိုရေးပေးခဲ့လဲဆိုတာကို သေချာပြန်စဥ်းစားကြည့်တဲ့အခါ မတ်ချူး က ဟျောင်းကိုနည်းနည်းဖြစ်ဖြစ် အဖော်ပြုပေးချင်ခဲ့တာဖြစ်သည်။

နွမ်းလျနေတဲ့မျက်နှာချောချောကြောင့် သူ့စာလေးနဲ့အားပေးချင်ခဲ့သည်။မတ်ချူး အကျင့်အတိုင်း လုပ်ချင်လာရင် ဘယ်သူ့ကိုမှဂရုမစိုက်ဘဲချက်ချင်းလုပ်တတ်တာကြောင့် ဟျောင်းသဘောကျသည် မကျသည် မတွေးဖြစ်ခဲ့။

နောက်ပိုင်းတွင်တော့ ဟာအိုဟျောင်းရဲ့မိတ်ဆက်ပေးမှုကြောင့်ဘဲ ဂျီအွန်းနီးဟျောင်းကဟန်ဘင်းဟျောင်းနဲ့ညီအစ်ကိုတစ်ဝမ်းကွဲဖြစ်ကြောင်းသိခဲ့ရသည်။

မိတ်ဆက်ပေးချိန်က မတ်ချူးက
"ဂျီအူးနီးဟျောင်းလို့"ခေါ်မိတော့ ဟာအိုဟျောင်းနဲ့ဟန်ဘင်းဟျောင်းကထရယ်ကြသည်။ဘာကြောင့်လဲမေးတော့ မတ်ချူးအသံထွက်မှားနေတာကြောင့်ပါတဲ့။
ဂျီအွန်းနီးဟျောင်းကိုကြည့်မိတော့ ရယ်ချင်နေတာကိုထိန်းထားရတဲ့မျက်နှာနဲ့ ပြုံးယောင်သန်းနေတဲ့မျက်လုံးတွေက
သူ့ကိုအကြာကြီးစိုက်ကြည့်နေတာမို့ နားရွက်ဖျားလေးတွေရဲတက်သည်အထိရှက်ရသေးသည်။
တော်သေးသည်က ပို့စကတ်အကြောင်းကို ဟျောင်းက ဘာမှထုတ်မပြောခဲ့။

ညီအစ်ကိုသာပြောပေမယ့် ဟန်ဘင်ဟျောင်းနဲ့ဂျီအွန်းဟျောင်းက အလုပ်ကိစ္စသာအပြောများသည်လို့ သိရသည်။
ဂျီအွန်းနီးဟျာင်းက ခံစားချက်သိပ်မဖော်ပြတတ်ဘဲ မြိုသိပ်တတ်လွန်းသည်တဲ့။
ဖော်ရွေတဲ့ဟန်ဘင်းဟျောင်းနဲ့ကွဲပြားစွာ ဟျောင်းက တစ်ယောက်တည်းသီးသန့်နေတတ်ပြီး စကားနည်းကြောင်း မတ်ချူးထပ်သိခဲ့ရသည်။
ဒီအချက်​တွေကဘဲ ဟျောင်းကိုအထီးကျန်စေခဲ့တာ မသိခဲ့လေသလား..။
ဟျောင်းမှာအဖေတစ်ယောက်သာရှိပြီး ဟျောင်းကိုသိပ်ဂရုမစိုက်လို့ ထပ်ကြားရတော့ ဂရုဏာပိုရပြန်သည်။
ပြီးတော့ မတ်ချူးနဲ့ဟျောင်းက ၆နှစ်တောင်ကွာသည်တဲ့...

My Ex_Boyfriend(Complete)Where stories live. Discover now