"ကိုကို ဒီအရောင်ဝတ်ရင်ကောင်းမလား ဟိုအရောင်ဝတ်ရင်ကောင်းမလား"
"ကလေးကြိုက်တဲ့အရောင်ဝတ်"
ဂျီအွန်းရဲ့တုံးတိ အဖြေစကားကြောင့် မတ်ချူးနှခမ်းလေးဆူထွက်လို့သွားသည်။
ဒီနေ ရစ်ခီနှင့်ကင်ခ်ထယ်ရယ်တို့ရဲ့ ညစာစားပွဲအတွက် ဝတ်စုံရွေးနေကြခြင်းဖြစ်သည်။
မတ်ချူးက လွန်ခဲ့တဲ့ ၁နာရီတည်းကဝတ်စုံရွေးနေတာ သဘောကျတာမတွေ့သေးပုံပင်။
ခဏကြာတော့"ဒါဆို အနက်ရောင်Suitဘဲ ကိုကိုနဲ့ဆင်တူဝတ်တော့မယ်"ဟုပြောလာသည်။
အဲလိုနဲ့ဝတ်စုံရွေးချင်းအပြီးသတ်သွား၏။
Suitက အရောင်တူပေမယ့် ဒီဇိုင်းကွဲတာကြောင့် နှစ်ယောက်လုံးအတွက်အဆင်ပြေပါသည်။ရစ်ခီ့ချစ်သူကောင်လေးကို သူတို့နှစ်ယောက်လုံး မတွေ့ဖူးသေးတာကြောင့်
မတ်ချူးကစိတ်လှုပ်ရှားနေဟန် ပြောလာသည်။"ကိုကို ရစ်ခီ့ကောင်လေးက မတ်ချူးထက်အသက်ငယ်တယ်မလား အဲလိုဆို ထယ်ရယ်လို့ဘဲခေါ်ရမှာပေါ့နော်"
မတ်ချူးဆီမှအမေးစကားပြောလာတာကြောင့် ဂျီအွန်း ကားကိုဂရုတစိုက်မောင်းနေရင်း မတ်ချူးဘက်ကို လှည့်၍ အဖြေပေးရသည်။
"အွန်း အဲလိုဘဲခေါ်ပေါ့ ကလေးရဲ့""ဒါနဲ့ ရစ်ခီနဲ့ထယ်ရယ်က ဘယ်လိုတွေ့ပြီး တစ်ယောက်နဲ့တစ်ယောက် လက်တွဲဖြစ်သွားတာလဲဟင် ကိုကိုသိလား"
"ရစ်ခီကကိုယ့်ကို အဲဒီအကြောင်းထိတော့မပြောပြဘူး ကလေးရဲ့ သူ့မှာချစ်သူကောင်လေးရှိတယ်ဆိုတာတော့သိပေမယ့် ကိုယ်လဲအခုမှအဲဒီကောင်လေးကိုတွေ့ဖူးမှာ..ကဲ မေးခွန်းတွေနောက်ထားပြီး ကားပေါ်ကဆင်းဖို့လုပ်တော့ကလေး ရစ်ခီတို့ခြံရှေ့ရောက်ပြီ"
ဂျီအွန်းပြောလိုက်တော့ မတ်ချူးကအကြည့်တစ်ချက်ပို့၍ ကားပေါ်မှဆင်းသွားသည်။
"ကိုယ် ကားကိုပါကင်ထိုးပြီးလိုက်ခဲ့မှာမို့ မတ်ချူးက သွားနှင့်လိုက်နော် အဲဒီမှာ
ဟန်ဘင်းလဲရှိတယ် ဟာအိုလဲရှိလို့ အရမ်းစိတ်ပူမနေဘဲဝင်သွားလိုက်နော်"
YOU ARE READING
My Ex_Boyfriend(Complete)
Fanfictionသိပ်ချစ်ရက်နဲ့လက်လွှတ်လိုက်တာဘာကြောင့်များလဲဟျောင်း....