♡1♡

1.7K 121 11
                                        

နာရီလက်တံမှ အချိန်ကား ည ဆယ့်တစ်နာရီကို ညွှန်ပြနေပြီဖြစ်သော်လည်း P City ဟာ သက်၀င်လှုပ်ရှားသော Nightlife ရှိတဲ့ ဒုတိယတန်းစားမြို့တစ်ခု ဖြစ်တာနဲ့အညီ တစ်မြို့လုံးဟာလဲ ယခုလိုမှစတင် အသက်ဝင်လာသလိုပင်။



P City၏ အချက်အချာကျသော မြို့လည်ခေါင်တွင် "Soul" Group အပိုင်ဖြစ်သည့် ကြယ်ငါးပွင့်အဆင့်ရှိ Luxury hotel ကြီးက ခမ်းနားထည်ဝါစွာတည်ရှ်ိနေပြီး ထိုဟိုတယ်၏ 8ထပ်မြောက်တွင် Club Floor တစ်ခုရှိ‌ေလသည်။


Club Floor ရှိဧည့်သည်တော်များသည် အထူးအခွင့်အရေးရှ်ိသည့် လူချမ်းသာ အနည်းစုသာဖြစ်ပြီး သာမန်လူများအဖို့ ထိုနေရာသို့ ၀င်ရောက်ရန်မဖြစ်နိုင်ပေ။


ယခုလက်ရှိ၌ ထို Club Floor ၏ Private Room တစ်ခုအတွင်းတွင် ဘေ့စ်ဘောဦးထုပ်‌ေဆာင်းထား‌ေသာ လူငယ်လေးတစ်ယောက်က ဒူးနှစ်‌ဖက်ပေါ် လက်တင်လျက်  ကျိုးနွံငြိမ်သက်စွာထိုင်နေသည်။



လူငယ်လေးက ဦးထုပ်ဆောင်းထားသည့်အပြင် ခေါင်းကိုအနည်းငယ်ငုံ့ထားသောကြောင့် သူ၏မျက်နှာကို သေချာမမြင်နိုင်‌ဘဲ ထင်သာ‌ေသာမေးရိုးလေးနှင့် ဆွဲဆောင်မှုရှိသောနှုတ်ခမ်းလေးတစ်စုံကိုသာ မြင်နေရသည်။



သူက ဤ Floorရှိ တခြားလူများကဲ့သို့ တန်ဖိုးကြီးအ၀တ်အစားများကို ၀တ်ဆင်ထားခြင်းမရှိဘဲ ရိုးရှင်းသောအဖြူရောင်ရှပ် အကျီလေးကိုသာ ၀တ်ဆင်ထားသော်လည်း ရှပ်အကျီက သူ၏ ပိန်သွယ်သော ခန္ဓာကိုယ်ပေါ်တွင် သပ်ရပ်စွာ တည်ရှိနေသဖြင့် မျက်စိမလွှဲနိုင်လောက်အောင် ကြည့်ကောင်းနေသေးသည်။



ထိုလူငယ်လေး၏ဘေးတွင် သုံးဆယ်အရွယ်လူတစ်ဦးက ထိုင်နေပြီး ထိုသူသည် လက်ထဲရှိခွက်ကို နှာခေါင်းနားတေ့၍ အနံ့ခံလိုက်ကာ တစ်ခါမှမမြင်ဖူးသောအဖိုးတန်အရက်ကို လောဘတကြီး မော့သောက်လိုက်သည်။



ဂျိတ်ခ်က သူ့ဘေးက အေးဂျင့်ရဲ့ လောဘတကြီးနဲ့ရှက်စရာအပြုအမူကို မျက်လုံးထောင့်ကပ်ကြည့်ရင်း သက်ပြင်းချလိုက်သည်။



အဆုံးတွင် သူက အနည်းငယ် စိတ်မရှည်တဲ့ အသံလေးနှင့် ထိုလူ့ကိုပြောလိုက်လေသည်။




ᏴᎪᏴᎽ ᎪΝᎠ ᏴᎪᏴᎽ ᏢᎡϴͲᎬᏟͲϴᎡ (Ikeuhoon)Donde viven las historias. Descúbrelo ahora