ဘတ်စ်ကားကမှတ်တိုင်တွင်ရပ်သွားသည့်အခါ ကားပေါ်မှ လူငယ်လေးတစ်ယောက်က ဆင်းလာလေသည်။
ထိုလူငယ်လေးက ကျောပိုးအိတ်တစ်လုံးကိုလွယ်ထားပြီး ပိန်ပါးသွယ်လျသော ခန္ဓာကိုယ်ထက်တွင် ရိုးရှင်းသော ရှပ်အကျီလေးသာ ၀တ်ထားသည်။
သူက အများထံမှ အာရုံစိုက်ခံရမည်စိုးသဖြင့် maskအမဲလေးတပ်ထားသော်လည်း Blonde hair လေးကြောင့် လူအများကြားတွင် ထင်ပေါ်နေသေးသည်။
မျက်နှာမမြင်ရသော်ငြား ပုံရိပ်လေးကပင်ချစ်စဖွယ်လေးဖြစ်နေသဖြင့် ဖြတ်သွားဖြတ်လာကောင်မလေးများမှာ ကွက်ကြည့်ကွက်ကြည့်လုပ်ကာ ခိုးငမ်းနေကြလေသည်။
ဂျိတ်ခ်ကထိုသို့အကြည့်ခံရသည်အား ရိုးနေပြီဖြစ်သဖြင့် ဂရုမစိုက်မိပေ။
ဘယ်လိုပဲဖြစ်ဖြစ် သူ့လိုအဆင့်နိမ့်သရုပ်ဆောင်လေးအား ဘယ်သူကမှ သတိထားမိမည်လဲမဟုတ်ပေ။
သူက ခြေလှမ်းကိုပုံမှန်လေးလှမ်းရင်း လူနေအိမ်များ များပြားလှသော ဆင်ေခြဖုံးရပ်ကွက်လေးတွင် ဖြည်းဖြည်းချင်း လျှောက်လာနေသည်။
ဂျိတ်ခ်ရဲ့ခြေလှမ်းများက ရင်းနှီးနေသော အဆောက်အဦးတစ်ခုရှေ့တွင်ရပ်လိုက်ပြီး အပေါ်ကိုမော့ကြည့်ကာသက်ပြင်းလေးချလိုက်သည်။
ဂျိတ်ခ်က သူ့လွယ်အိတ်လေးကိုလွယ်ကာ အနည်းငယ်အိုဟောင်းနေသော အဆောက်အဦးရှိ လှေကားထစ်ပေါင်းများစွာကို တိတ်တဆိတ် တက်သွားနေသည်။
သူက လှေကားထစ်များစွာတက်ပြီးနောက် သူနေထိုင်ရာ ခေါင်မိုးထပ်ကအိမ်လေးကို ရောက်သောအခါ အသက်ကိုပြင်းပြင်း ရှုသွင်းရှုထုတ်လုပ်လိုက်သည်။
လူငယ်လေး၏နဖူးထက်တွင် ချွေးစလေးများစို့လျက် သူ၏ဆံပင်အဝါရောင်လေးမှာလဲ ချွေးစက်များကြောင့် နဖူးထက်တွင် ကပ်ညိလို့နေသည်။
သူက နေထိုင်ရာ အိမ်လေးအတွင်း ၀င်သွားလိုက်ပြီး ခပ်နွမ်းနွမ်းဆိုဖာလေးပေါ်တွင် ခြေပစ်လက်ပစ်ထိုင်ချလိုက်သည်။
YOU ARE READING
ᏴᎪᏴᎽ ᎪΝᎠ ᏴᎪᏴᎽ ᏢᎡϴͲᎬᏟͲϴᎡ (Ikeuhoon)
Fanfictionမတော်တဆတစ်ခုကြောင့် သရုပ်ဆောင်တစ်ဦးဖြစ်သူ ဂျိတ်ခ်က သူတစ်ခါမှမတွေ့ဖူးတဲ့လူတစ်ဦးနှင့် အတူအိပ်မိသွားခဲ့သည်။ *ဟုတ်တယ် ဒါက တစ်ညတာမှားယွင်းသွားတဲ့ One Night Standပဲ ဒီလူနဲ့ထပ်တွေ့မှာလဲမဟုတ်တော့ဘူးဆိုတော့ အဆင်ပြေသွားမှာပါ* ဆောင်းဟွန်းကလဲ သူ့ရှေ့က ဂျိတ်ခ်က...
