နောက်တစ်နေ့နံနက်အေစာပိုင်းတွင် ဂျိတ်ခ်က အိပ်ယာနိုးသည်နှင့် မနက်စာကို ဖြစ်သလိုစားကာ ကျောပိုးအိတ်တစ်လုံးဖြင့် အိမ်မှထွက်လာခဲ့သည်။
သူက အလယ်တန်းကလေးမလေးတစ်ဦးအား အချိန်ပိုင်း ဂိုက်ပြပေးပြီးနောက် ထိုနေရာမှတဆင့် ကျောင်းကိုတန်းသွားလိုက်လေသည်။
ဂျိတ်ခ် ကျောင်းကိုရောက်သည့်အခါတွင် နေ့လည်ပိုင်းပင်ရောက်နေပြီဖြစ်ပြီး စာသင်ချိန်သုံးချိန်လောက်ပြီးသွားပြီပင်။
သို့သော် ထိုအရာကို ဂျိတ်ခ်ကလဲ အများကြီး မစိုးရိမ်နေပေ။
သူက ထုံးစံအတိုင်း အခန်းထဲ၀င်လာကာ လေးချိန်မြောက်အတန်းကို ၀င်တက်လိုက်လေသည်။
ဆရာများနှင့် အတန်းသားများမှာလဲ သူ၏ထိုပုံစံကိုကျင့်သားရနေသည့်အတိုင်းဘာမှမပြောပေ။
ဂျိတ်ခ်မှာ ပထမနှစ်စတက်ထဲက သရုပ်ဆောင်အလုပ်စတင်လုပ်ခဲ့တာဖြစ်သဖြင့် အတန်းက ဘယ်တော့မှမမှန်ပေ။
သူက တစ်ပတ်တွင် နှစ်ရက်လောက်သာကျောင်းလာတတ်ပြီးထိုရက်အနည်းငယ်အတွင်းတွင် တစ်ပတ်လုံးသင်သမျှစာကို လုပ်တတ်လေသည်။
ဂျိတ်ခ်က ကျောင်းမှဆရာများကို သူ့အခြေနေအားပြောပြထားသဖြင့် ပြသနာမရှိသော်လည်း အစပိုင်းတွင် ကျောင်းသားတစ်ချို့က သူ့ကိုတမျိုးထင်ကာ အမြင်မကြည်ကြပေ။
သို့သော် ဂျိတ်ခ်က ပထမနှစ်၀က်စာမေးပွဲပြီးချိန်တွင် Top 3 သုံးယောက်ထဲ၀င်ကာ အမှတ်အများကြီးဖြင့် စာမေးပွဲအောင်တာကို သိသွားသောအခါမှသာ ထိုကောင်လေးက သူတို့ထင်ထားသလို ငါးဆားနယ် မဟုတ်ဘဲ နဂါးတစ်ကောင်ဖြစ်နေမှန်းသဘောပေါက်သွားကြသည်။
ဂျိတ်ခ်က ရုပ်ရည်လေးကလဲချောမောသည့်အပြင် သူ၏အမူအကျင့်မှာ ကောင်းမွန်တာထက်ပင် ပို၍ ကောင်းမွန်သည်ဟုဆိုနိုင်လေသည်။
ထို့ကြောင့် ယဉ်ကျေး၍ ထူးချွန်သော ကျောင်းသားလေးကို ဆရာများက ချစ်ခင်ကြသလို ဖြူစင်၍ နူးညံ့သော အတန်းဖော်လေးအား တစ်မေဂျာလုံးက သဘောကျကြသည်။
YOU ARE READING
ᏴᎪᏴᎽ ᎪΝᎠ ᏴᎪᏴᎽ ᏢᎡϴͲᎬᏟͲϴᎡ (Ikeuhoon)
Fanfictionမတော်တဆတစ်ခုကြောင့် သရုပ်ဆောင်တစ်ဦးဖြစ်သူ ဂျိတ်ခ်က သူတစ်ခါမှမတွေ့ဖူးတဲ့လူတစ်ဦးနှင့် အတူအိပ်မိသွားခဲ့သည်။ *ဟုတ်တယ် ဒါက တစ်ညတာမှားယွင်းသွားတဲ့ One Night Standပဲ ဒီလူနဲ့ထပ်တွေ့မှာလဲမဟုတ်တော့ဘူးဆိုတော့ အဆင်ပြေသွားမှာပါ* ဆောင်းဟွန်းကလဲ သူ့ရှေ့က ဂျိတ်ခ်က...
