ငွေရောင်လခြမ်းေကွးေလးက ကောင်းကင်ထက်တွင် ချိတ်ဆွဲအလှဆင်ထားသကဲ့သို့ ဖြစ်နေပြီး ထိုလခြမ်းကွေးမှ လရောင်က Y City တစ်မြို့လုံး၏ ညသန်းခေါင်အအချိန်ကို မမှောင်မိုက်စေရန် အလင်းပေးလျက်ရှိသည်။
ဗီလာ ဒုတိယထပ်ရှိ ဆောင်းဟွန်း၏ အိပ်ခန်းကျယ်ကြီးအတွင်းသို့ ပြတင်းပေါက်မှဖြာကျလာတဲ့ လရောင်ဟာ အခန်းတွင်းရှိ ညအိပ်မီးအိမ်မှ မီးရောင်ဖြင့် ပေါင်းစပ်သွားပြီး အိပ်ခန်းအား မမှိန်မဖြော့သော အလင်းရောင်လေးဖြင့် လွှမ်းခြုံသွားစေသည်။
အိပ်ခန်းအတွင်းတွင်တော့ ပကတိတိတ်ဆိတ်လျက်ရှိပြီး နံရံထက်ရှိကျောက်မျက်ရတနာ တချို့စီခြယ်ထားေသာ တန်ဖိုးမြင့်ရှေးဟောင်းတိုင်ကပ်နာရီကြီးမှ နာရီလက်တံအသံကိုသာ တစ်ချက်တစ်ချက်ကြားနေရသည်။
လက်ရှိတွင် နာရီလက်တံရှည်က တစ်ဂဏန်းကို ညွှန်ပြနေပြီဖြစ်တာမို့ ညသန်းခေါင်ကို ကျော်လွန်ပြီး မနက်တစ်နာရီကျော်နေပြီဖြစ်သည်။
နဂိုထဲက ဆိတ်ငြိမ်ရပ်ကွက်ဖြစ်တဲ့ ဆောင်းဟွန်းတို့ရပ်ကွက်ဟာ ညအချိန်တွင် အလွန်အမင်းကိုတိတ်ဆိတ်လို့နေပြီး တလောကလုံး အိပ်မောကျနေသကဲ့သို့ထင်ရစေသည်။
သို့သော် တလောကလုံး အိပ်မောကျနေရင်တောင် ထိုအထဲတွင် ဆောင်းဟွန်းတစ်ယောက်မပါ၀င်ခဲ့ပေ။
သူက ကျောပေးထားသော ဂျယ်ယွန်းနောက်ကျောအား မျက်နှာမူလျက် ညအိပ်မီးရောင်တွင် ရွှေအိုရောင်ဖြစ်နေသော ဂျယ်ယွန်းရဲ့ခေါင်းဝါဝါလေးကို ငေးနေဆဲဖြစ်သည်။
ဆောင်းဟွန်း၏ မျက်၀န်းများက နက်မှောင်လို့နေသဖြင့် သူဘာတွေတွေးနေလဲ ဘယ်သူကမှ ခန့်မှန်းနိုင်ခြင်းရှိမယ်မထင်။
ထို့ပြင် အကယ်၍ အခန်းတွင်းရှိ တစ်စုံတစ်ယောက်က နားစိုက်ပြီး နားထောင်ခဲ့မည်ဆိုလျှင် နာရီသံ တစ်ချက်ချက်၏ အောက်တွင် ကွဲပြားစွာဖြစ်ပေါ်နေသော အသက်ရှုသံလေးက ဆောင်းဟွန်း၏ ဘေးဘက်မှ ထွက်ပေါ်လာမှန်းသတိပြုမိပေလိမ့်မည်။
YOU ARE READING
ᏴᎪᏴᎽ ᎪΝᎠ ᏴᎪᏴᎽ ᏢᎡϴͲᎬᏟͲϴᎡ (Ikeuhoon)
Fanfictionမတော်တဆတစ်ခုကြောင့် သရုပ်ဆောင်တစ်ဦးဖြစ်သူ ဂျိတ်ခ်က သူတစ်ခါမှမတွေ့ဖူးတဲ့လူတစ်ဦးနှင့် အတူအိပ်မိသွားခဲ့သည်။ *ဟုတ်တယ် ဒါက တစ်ညတာမှားယွင်းသွားတဲ့ One Night Standပဲ ဒီလူနဲ့ထပ်တွေ့မှာလဲမဟုတ်တော့ဘူးဆိုတော့ အဆင်ပြေသွားမှာပါ* ဆောင်းဟွန်းကလဲ သူ့ရှေ့က ဂျိတ်ခ်က...
