♡8♡

1.1K 112 38
                                        

ဆောင်းဟွန်းမှာ ဘားအတွင်းရှိ လူအုပ်ရဲ့အနောက်ဘက် ထောင့်ဆုံးကျသောနေရာ‌တွင် အတန်ကြာအောင် ရပ်နေဆဲဖြစ်ပြီး သူ့အကြည့်များမှာလည်း stage စင်အလယ်ရှိ တစ်ခုသော ပုံရိပ်လေးထက်တွင် အကြည့်မလွှဲနိုင်ဘဲ မြဲမြံလို့နေသည်။

သီချင်းများက တစ်ပုဒ်ပြီးတစ်ပုဒ်ကူးပြောင်းသွားပြီး ကောင်လေးရဲ့ အပြုံးတွေက ပိုပိုပြီး ချိုမြိန်လာသည့်အပြင် ပရိတ်သတ်တွေရဲ့ အော်ဟစ်အားပေးသံတွေက Bar  ဧရိယာတစ်ခုလုံး ‌ကျယ်လောင်စွာပျံ့နှံ့လို့နေသည်။

သို့သော်လည်း ပတ်၀န်းကျင်ရှိ အရာများအားလုံးကို ဆောင်းဟွန်းက လစ်လျူရှုလို့ထားပြီး သူ့စိတ်ထဲတွင် စင်ပေါ်ကကောင်လေးနှင့် သူနှစ်ဦးတည်းသာရှိသလိုပင် မိန်းမောနေလေသည်။

ချိုသာတဲ့သီချင်းဆိုသံလေးနှင့်ရယ်သံ‌လွင်လွင်လေးများ၊က‌ေလးဆန်ပြီးချစ်ဖို့ကောင်းလွန်းတဲ့အမူအရာလေးများအပြင် ကောင်လေးမျက်၀န်းထဲရှိ ပျော်ရွှင်မှုအရိပ်အယောင်လေးများ စသဖြင့် ထိုသို့သောအရာများကို ဆောင်းဟွန်းက အသေးစိတ်ကအစ မလွတ်တမ်းကြည့်နေမိသည်။

ကောင်လေးကစင်ပေါ်မှနေ၍ တစ်ချက်တစ်ချက်တွင် သူရှိရာအရပ်သို့ လှမ်းကြည့်လာ‌တိုင်း ဆောင်းဟွန်းက သူ့ဘာသာသူတောင်မသိလိုက်မိခင် အသက်ကိုအောင့်ထားမိလေသည်။

ဆောင်းဟွန်းရပ်နေတဲ့နေရာက အလွန်အမင်း အနောက်ရောက်နေကာ မှောင်မဲလွန်း၍ စင်ပေါ်က ကောင်လေးက မမြင်နိုင်မှန်း သိသော်လည်း  ကူကယ်ရာမဲ့စွာနှင့် ထိုသို့တုန့်ပြန်မိစမြဲပင်။

ကောင်လေးက အကြည့်ပြန်လွှဲသွားတိုင်းစိတ်သက်သာရသွားသလို တစ်ချိန်တည်းမှာပင် ကောင်လေးကသူ့ကိုမမြင်တာမို့ ဘာကြောင့်မှန်းမသိ နှမြောတသဖြစ်နေမိသည်။

အချစ်ဆိုသည့်အရာနှင့် တစ်ခါမှမထိတွေ့ဖူးသည့် ဆောင်းဟွန်းက သူ့ကိုယ်သူပင်ဘာဖြစ်ချင်နေမှန်းမသိတော့၍ ကူကယ်ရာမဲ့နေလေသည်။

သို့ရာတွင် ဆောင်းဟွန်းက အများကြီးတွေးနေဖို့ရာအချိန်မရှိဘဲ စင်ပေါ်မှာဖြော်‌ဖြေနေတဲ့ကောင်လေးကိုသာ ငေး‌ကြည့်နေမိသည်။

ᏴᎪᏴᎽ ᎪΝᎠ ᏴᎪᏴᎽ ᏢᎡϴͲᎬᏟͲϴᎡ (Ikeuhoon)Where stories live. Discover now