♡2♡

1.4K 123 5
                                        

ဆောင်းဟွန်းက လက်ကို‌ရေသုတ်ရင်း အနည်းငယ်စိတ်အနှောင့်အယှက်ဖြစ်နေသည့်ပုံဖြင့် မျက်ခုံးတန်းတွေကိုတွန့်ချိုးလို့ထားသည်။

သူကအလုပ်ကိစ္စကြောင့် P City သို့ လာခဲ့သော်လည်း သူ့မိသားစုပိုင် hotelတွင် ပုံမှန်အားဖြင့် Vip Lift နဲ့ Vip Suite roomသို့တန်းသွားနေကြဖြစ်သည်။

ပုံမှန်အားဖြင့် ယခုလိုအထပ်များတွင် အချိန်အကြာကြီးမနေတတ်‌သော်လည်း မတော်တဆဖြင့် သူ့လက်များညစ်ပတ်သွားသောကြောင့် အသန့်ကြိုက်လွန်းသောဆောင်းဟွန်းက လေးထပ်က သန့်စင်ခန်းတွင်ဝင်၍ လက်ဝင်ဆေးနေခြင်းဖြစ်သည်။

ညစ်ပတ်တာကိုနည်းနည်းမှသည်းမခံနိုင်သောဆောင်းဟွန်းက တခြားလူများနှင့် အသားချင်းထိတာကိုလဲမကြိုက်သည့်အပြင် လူရှုပ်တာကိုမကြိုက်ဘဲ အားလုံးနှင့် ခပ်တန်းတန်းနေတတ်သူ ဖြစ်သည်။

သူက တခြားသူများဝင်မလာနိုင်‌‌အောင် သန့်စင်ခန်းရှေ့တွင် ပြုပြင်နေဆဲ ဟုဆိုသည့် ဆိုင်းဘုတ်ထားခိုင်းလိုက်ပြီး စိတ်ချလက်ချ လက်ဆေးနေခြင်းဖြစ်သည်။


ဆောင်းဟွန်းက သုံးပြီးသားတစ်ရှူးကိုအမှိုက်ပုံးထဲပစ်လိုက်ပြီးအနောက်လှည့်ကာ အပြင်ထွက်ဖို့လုပ်လိုက်ချိန်တွင် တစ်စုံတစ်ဦးက သန့်စင်ခန်းအတွင်းသို့ အရှိန်နှင့်ပြေးဝင်လာသဖြင့် သူနှင့်တိုက်မိမလိုဖြစ်သွားသည်။



ဆောင်းဟွန်းမျက်ခုံးတန်းများက အလိုမကျစွာဖြင့်တွန့်ချိုးသွားကာ မျက်နှာက ပိုပြီ‌းအေးစက်သွားသော်လည်း သူ့ရှေ့ကကောင်လေးကိုကြည့်လိုက်ချိန်တွင် သူ့မျက်ခုံးများပြေလျော့လို့သွားသည်။



သူ့ရှေ့ကကောင်လေးက ဦးထုပ်ဆောင်းထားကာ အနည်းငယ်ပွသည့်ရှပ်အကျီကိုဝတ်ဆင်ထားသည်။

ဂျိတ်ခ်က လမ်းတစ်လျှောက်တွင် ခန္ဓာကိုယ်အတွင်းမှအပူမီးကြောင့် ရှပ်အကျီကြယ်သီး အပေါ်နှစ်လုံးကို ဆွဲဖြုတ်ထားသဖြင့် သူ့ပုံစံကအနည်းငယ် ဖရိုဖရဲဖြစ်လို့နေပြီး သူ၏ ဆွဲဆောင်မှုရှိသော လည်တိုင်နှင့် ညှပ်ရိုးတစ်စုံက အကာအကွယ်မဲ့လို့နေသည်။



ᏴᎪᏴᎽ ᎪΝᎠ ᏴᎪᏴᎽ ᏢᎡϴͲᎬᏟͲϴᎡ (Ikeuhoon)Where stories live. Discover now