♡16♡

1.9K 106 99
                                        

အချိန်အတန်ကြာပြီးနောက် ဆောင်းဟွန်း၏ ဇိမ်ခံကားကြီးထဲရှိ လေထုမှာ တိတ်ဆိတ်ပြီး အတော်လေး ကသိကအောက်နိုင်နေတော့သည်။


အနည်းဆုံးတော့ ဂျယ်ယွန်းအတွက်ပေါ့လေ။


ဆောင်းဟွန်းက ဘာမှမပြောသော်လည်း ဂျယ်ယွန်းမှာတော့ သူ၏ ပိုပိုသာသာ တုန့်ပြန်မှုများကို နောင်တရလျက် အရှက်သည်းလို့နေလေသည်။

*အာ ဒီအရွယ်ကြီးရောက်နေမှ တွေ့တာတောင်မကြာသေးတဲ့ အစ်ကိုကြီးရှေ့မှာ မျက်ရည်လည်ရွှဲနဲ့ ငိုမိရတယ်လို့

ရှက်ဖို့ကောင်းလိုက်တာ ရှင်းမ်ဂျယ်ယွန်းရယ်

ဟင်း...မျက်နှာချောချောလေးကို နှမြောနေလို့သာပေါ့ မဟုတ်ရင်
မျက်နှာကြီးသာ လှီးထုတ်ပစ်လိုက်ချင်တယ်*


တစ်ခု တော်သေးသည်က ယနေ့တွင် ဆောင်းဟွန်းမှာ သူ့ကားသူ မောင်းပြီးလာကြိုတာမို့ Driver ဦးလေးကြီးမပါလာပေ။


မဟုတ်ရင်တော့ ဂျယ်ယွန်းတစ်ယောက် နောက်နေ့ ထိုဦးလေးကြီးကို ဘယ်လိုမျက်နှာချင်းဆိုင်ရမလဲတောင်မသိဘဲဖြစ်နေမှာအသေအချာပင်။

ဂျယ်ယွန်းက Lover Seat တွင်ထိုင်ကာ ခေါင်းလေးငုံ့လို့ စိတ်ပျက်လက်ပျက်နဲ့ ၀တ်ထားတဲ့ အညိုရောင် ဆွယ်တာရဲ့ လက်အနားစလေးကို ဆွဲဆုတ်လို့နေလေသည်။


တခါတရံလဲ ပါးစပ်ကနေ ပွစိပွစိနဲ့ တီးတိုးရေရွတ်ပြီး သူ့ဘာသူ ဆူပူနေတတ်သေးသည်။

ဂျယ်ယွန်းမသိနိုင်လောက်ပေမဲ့ ထိုပုံစံလေးဟာ နံဘေးမှာ ထိုင်နေတဲ့ ဆောင်းဟွန်းအတွက် စိတ်မထိန်းနိုင်လောက်အောင် အသည်းယားနေမိခြင်းပင်။

ခေါင်းလေးငုံ့ထားတာ‌ေကြာင့် ဂျယ်ယွန်းရဲ့  နားရွက်ဖျားရဲရဲ‌ေလးနဲ့ လှပသောမေးရိုးလေးကိုသာ ‌ဆောင်းဟွန်းဘက်က သေချာမြင်ရ‌ေလသည်။


နှုတ်ခမ်းလေးတထော်ထော်နဲ့ ပြောလိုက်တိုင်း ဆူထွက်လာတတ်တဲ့နှုတ်ခမ်းလေးရယ်၊ အကျီလက်အနားစကို ကြောင်ပေါက်လေးတစ်ကောင် ဆော့က‌စားနေသလို ဆုတ်ချေနေတဲ့ ပုံလေးက ဆောင်းဟွန်း နှလုံးသားကို မြှားအစင်းပေါင်းများစွာ ထိမှန်သွားသလိုပင်။

Kamu telah mencapai bab terakhir yang dipublikasikan.

⏰ Terakhir diperbarui: Sep 16, 2023 ⏰

Tambahkan cerita ini ke Perpustakaan untuk mendapatkan notifikasi saat ada bab baru!

ᏴᎪᏴᎽ ᎪΝᎠ ᏴᎪᏴᎽ ᏢᎡϴͲᎬᏟͲϴᎡ (Ikeuhoon)Tempat cerita menjadi hidup. Temukan sekarang