ဂျယ်ယွန်းမှာ ဆောင်းဟွန်းဘေးမှ ယှဉ်တွဲ၍ လှေကားထစ်များမှဆင်းလာစဉ် အောက်ထပ်ရှိ အိမ်တော်ရှိ၀န်ထမ်းများထံမှ အကြည့်များကြောင့် အနည်းငယ်ပင်တန့်သွားလေတော့သည်။
ရှုပ်ရှုပ်ရှက်ရှက်မကြိုက်တတ်သော ပိုင်ရှင်ဆောင်းဟွန်း၏ အိမ်ရှိ ၀န်ထမ်းများမှာ ငါးယောက်ပင်မပြည့်သော်လည်း ထိုလူနည်းစုက ဆောင်းဟွန်းဘေးရှိ ဂျယ်ယွန်းကို အားလုံး ဝိုင်းကြည့်နေကြတာကြောင့် ဂျယ်ယွန်းနေရမခက်ဘူးဟုဆိုလျှင် ညာရာကျပေမည်။
သူက ပြန်ကြည့်လိုက်မိသောအခါ ထိုအကြည့်များထဲတွင် သူကို့မကြည်ဖြူခြင်း၊အလိုမကျခြင်းအလျှင်းမရှိဘဲ ပကတိနှစ်သက်သဘောကျခြင်းများသာ စွန်းထင်းလျက်ရှိနေသည်မို့ ဂျယ်ယွန်းမှာ အံ့ဩသွားရသည်။
တကယ်တမ်းတွင် ၀န်ထမ်းများမှာ ဂျယ်ယွန်းထင်သလိုမဟုတ်ဘဲ သူတို့သခင်၏ ဘေးမှ ချောမောလှပသော လူသားလေးအား ယခုမှ သေချာတွေ့လိုက်ကြရ၍ မှင်သက် သဘောကျသွားရခြင်းဖြစ်ပေသည်။
သူတို့လို လက်အောက်ခံ၀န်ထမ်းလေးတွေအဖို့ သခင့်ရဲ့လူကို မနှစ်ခြိုက်ပြစရာအကြောင်းလဲမရှိသလို လိုလဲမလိုအပ်ပေ။
ထို့ကြောင့် အကုန်လုံး၏စိတ်ထဲ၌ ဤကောင်လေးသည် သခင်ကိုယ်တိုင် အိမ်ခေါ်လာခြင်းဖြစ်တာမို့ အပြစ်ပြုမိလို့မဖြစ်ဟု တွေးလိုက်မိကြသည်။
ဂျယ်ယွန်းကတော့ သူ့ကို မကြိုဆိုပုံမပြသည့်သူများကြောင့် အနည်းငယ် စိတ်သက်သာရသွားလေသည်။
ဘယ်လိုပဲဆိုဆို သူ့အနေနှင့် ဤနေရာတွင် ဆောင်းဟွန်းမှလွဲ၍ မည်သူ့ကိုမှေရာ မည်သည့်အရာကိုမှရော သူနှင့် ရင်းနှီးခြင်းမရှိဘဲ အစိမ်းသက်သက်ဖြစ်နေလေသည်။
ဆောင်းဟွန်းနှင့်တောင် ဂျယ်ယွန်းက ရင်းနှီးတာမဟုတ်ဘဲ ထူးဆန်းသည့်ပတ်သတ်မှုတစ်ခုရှိနေခြင်းသာ။
ВЫ ЧИТАЕТЕ
ᏴᎪᏴᎽ ᎪΝᎠ ᏴᎪᏴᎽ ᏢᎡϴͲᎬᏟͲϴᎡ (Ikeuhoon)
Фанфикшнမတော်တဆတစ်ခုကြောင့် သရုပ်ဆောင်တစ်ဦးဖြစ်သူ ဂျိတ်ခ်က သူတစ်ခါမှမတွေ့ဖူးတဲ့လူတစ်ဦးနှင့် အတူအိပ်မိသွားခဲ့သည်။ *ဟုတ်တယ် ဒါက တစ်ညတာမှားယွင်းသွားတဲ့ One Night Standပဲ ဒီလူနဲ့ထပ်တွေ့မှာလဲမဟုတ်တော့ဘူးဆိုတော့ အဆင်ပြေသွားမှာပါ* ဆောင်းဟွန်းကလဲ သူ့ရှေ့က ဂျိတ်ခ်က...
