♡9♡

1.1K 123 32
                                        

ဂျိတ်ခ်သည် အရွယ်နဲ့မလိုက်အောင် များပြားလွန်းတဲ့  ဖိအားများ‌ေကြာင့် မနေ့ညက တစ်ညလုံး အိပ်မပျော်ဘဲ အတော်လေး ညဉ့်နက်မှ အိပ်ပျော်သွားခဲ့လေသည်။


ထို့‌ေကြာင့် ရလဒ်အနေနှင့်တော့ မနက်အစော ဂျိတ်ခ်နိုးလာချိန်တွင် သူ့ရဲ့လှပသော မျက်၀န်းလေးများအောက်ခြေ၌ အနက်ရောင်သန်းနေလေတော့သည်။


နွမ်းလျနေသောသူ့ပုံရိပ်သူမှန်ထဲတွင်ကြည့်လိုက်သော်လည်း ဂျိတ်ခ်က ထိုအရာကိုသိပ်ဂရုစိုက်နိုင်ပေ။


အဘယ့်ကြောင့်ဆိုသော် ယနေ့သည် ထို သခင်လေးဆိုသူ ပြောထားတဲ့ တစ်ပတ်ပြည့်သည့်နေ့ဖြစ်တာကြောင့် သူ့စိတ်တွေဟာ ခဲဆွဲထားသလို လေးလံလို့နေသည်။

ယခုတွင် သူ့အခြေအနေမှာ ထိုသခင်လေးအား အလျော်ပေးနိုင်ဖို့နေနေသာသာ သူ့အဘွား၏ဆေးရုံစရိတ်များပင်အကြွေးတင်နေလေတော့သည်။

ဂျိတ်ခ်က မျက်လုံးနှစ်လုံးပွင့်သည့်အချိန်မှစ၍ ပိုက်ဆံဘယ်လိုရှာရမလဲတွေးတောကာ သောကရောက်နေရသော သူ့ဘ၀သူ မုန်းလှသည်။

မနေ့က live ဖြော်ဖြေပွဲအတွင်း စတိတ်စင်ပေါ်တွင်ရပ်လျက် ပရိတ်သတ်များကိုဖြော်‌ေဖြနေရချိန်က ပျော်ရွှင်မှုများကို ပြန်တွေးအောက်မေ့ဖို့ပင် သူ့တွင် အချိန်မရှိခဲ့ပေ။


ဂျိတ်ခ်အဖြစ်က ပုံပြင်ထဲက စင်ဒရဲလား ကဲ့သို့ပင်...သတ်မှတ်ထားတဲ့အချိန်တစ်ခုရောက်တာနဲ့ လက်တွေ့ဘ၀ကို ပြန်‌ေရာက်လာရလေသည်။

ဂျိတ်ခ်အတွက်တော့ ပျော်ရွှင်ခြင်းတွေက ကြာရှည်မခံပေမဲ့ ဆင်းရဲခြင်းဒုက္ခ‌‌ေတွကတော့ သူမွေးဖွားလာကတည်းက သူ့ကိုအဖော်ပြုပေးဖို့ သက်သက်ဖြစ်တည်နေသလိုပင်။


သို့သော်အခက်အခဲတွေကိုတွေး‌ေတွးပြီး စိတ်ဆင်းရဲနေလို့လဲမထူးတာမို့ ဂျိတ်ခ်က အတွေးစကိုအမြန်ဖြတ်ကာ ရေချိုးသန့်စင်လိုက်သည်။


ဒီနေ့ ကြုံရမဲ့ ပြဿနာတွေအတွက်ကတော့...

ᏴᎪᏴᎽ ᎪΝᎠ ᏴᎪᏴᎽ ᏢᎡϴͲᎬᏟͲϴᎡ (Ikeuhoon)Where stories live. Discover now