ဂျယ်ယွန်းက ခြေလှမ်းသွက်သွက်လေးလှမ်းရင်း ခေါင်မိုးထပ်သို့ဦးတည်ရာ လှေကားထစ်များပေါ် တက်လှမ်းနေလေသည်။
ထိုကြောင့် အချိန်တစ်ခုကြာပြီးနောက် ခေါင်မိုးထပ်ရှိအိမ်လေးသို့ရောက်သွားသောအခါ သူ၏ေပြပြစ်ေသာ နဖူးေလးထက်၀ယ် ချွေးစက်လေးတွေဝေ့သီလို့နေပြီဖြစ်သည်။
သူက နဖူးရှိ ချွေးစက်လေးများကို ဆွယ်တာလက်ရှည်၏ လက်အနားစလေးနှင့် သုတ်လိုက်ရင်း အမောဖြေလိုက်သည်။
ဂျယ်ယွန်းက ဤ အိမ်လေးကို လွန်ခဲ့သော နှစ်နှစ်ခန့်ကမှ စတင်ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။
သူ၏အဖွားဖြစ်သူ ဆေးရုံစရိတ်များကြောင့် အဖွား၏အရင်အိမ်လေးကိုရောင်းကာ ဆေးရုံစရိတ်ဖြည့်ရင်း သူကတော့ ယခုလို ဈေးနည်းသော ရပ်ကွက်တွင် တစ်ယောက်တည်း လာရောက်ငှားနေခဲ့ခြင်းဖြစ်သည်။
အဆောက်အဦးတည်နေရာက ကုန်းမြင့်ပိုင်းလဲဖြစ်သလို သူ၏အိမ်က ခေါင်မိုးထပ်မှာရှိနေခြင်းကြောင့် ထိုနေရာမှကြည့်လျှင်အောက်ဘက်ရှိ မြင်ကွင်းကို အတော်ဝေးဝေးထိမြင်ရလေသည်မို့ ဈေးနည်းေသာ ဤနေရာကို ဂျယ်ယွန်းအတွက်ေတာ့ မနှစ်သက်ခြင်းမရှ်ိပေ။
ယခုလဲ ဂျယ်ယွန်းက အကျင့်ပါေနသဖြင့် ခေါင်မိုးထပ်မှနေ၍ အောက်ထပ်သို့ အမှတ်တမဲ့ ငုံ့ကြည့်လိုက်သောအခါ ဇိမ်ခံကားကြီးကို မှီကာ သူ့ကိုလက်ပိုက်ကြည့်နေသော ဆောင်းဟွန်းကိုတွေ့လိူက်ရတာကြောင့် အံ့ဩသွားရလေသည်။
ထိုလူကြီးက ဘယ်ကထဲက ကားထဲကနေထွက်ပြီး သူ့ကိုရပ်ကြည့်နေမှန်းမသိသော်လည်း ဂျယ်ယွန်းမှာ မသိစိတ်၏တုံ့ပြန်မှုကြောင့် လက်ပြကာ ပျော်ရွှင်စွာလှမ်းနှုတ်ဆက်လိုက်မိလေသည်။
ဂျယ်ယွန်းတစ်ယောက် သူ့ကိုယ်သူ ဘာလုပ်မိမှန်းသတိ၀င်ပြီး နောင်တရသွားချိန်တွင် ဆောင်းဟွန်းက လက်ပိုက်ဖြုတ်လျက် သူ့ကိုပင် တာ့တာပြန်ပြနေပြီဖြစ်တာမို့ မထူးတော့ပါပေ။
YOU ARE READING
ᏴᎪᏴᎽ ᎪΝᎠ ᏴᎪᏴᎽ ᏢᎡϴͲᎬᏟͲϴᎡ (Ikeuhoon)
Fanfictionမတော်တဆတစ်ခုကြောင့် သရုပ်ဆောင်တစ်ဦးဖြစ်သူ ဂျိတ်ခ်က သူတစ်ခါမှမတွေ့ဖူးတဲ့လူတစ်ဦးနှင့် အတူအိပ်မိသွားခဲ့သည်။ *ဟုတ်တယ် ဒါက တစ်ညတာမှားယွင်းသွားတဲ့ One Night Standပဲ ဒီလူနဲ့ထပ်တွေ့မှာလဲမဟုတ်တော့ဘူးဆိုတော့ အဆင်ပြေသွားမှာပါ* ဆောင်းဟွန်းကလဲ သူ့ရှေ့က ဂျိတ်ခ်က...
