♡15♡

958 100 74
                                        

ဂျယ်ယွန်းက ထမင်းစားချိန်ပြီးတာနဲ့ အတန်းကို ပြန်ကာ Lecture များကို အသေအချာ လိုက်မှတ်နေခဲ့သည်။


ပထမဆုံးအ‌ေနနဲ့ တနေကုန် အတန်းပြည့်အောင်ခဲ့တဲ့အတွက် အတန်းဖော်များသာမက ဆရာများကပါ သူ့အား စနောက်ကာ ဘယ်လိုဖြစ်ရတာလဲဟု ဝ်ိုင်းမေးကုန်ကြလေသည်။


ထိုအခါ ဂျယ်ယွန်းက ရှက်ပြုံးလေးသာ ပြုံးပြလျက် တုန့်ပြန်ပြီး အထွေအထူးရှင်းမပြခဲ့ပေ။


ဂျယ်ယွန်းက တနေကုန် အတန်းတက်နေခဲ့ပြီး အတန်းအားလုံးပြီး လို့ ညနေစောင်းတဲ့အခါ သူက ကျောပိုးအိတ်ထဲ laptop နဲ့ စာအုပ်များကိုထည့်သိမ်းလိုက်လေသည်။


သူက ဖုန်းကိုမထည့်ခင် လက်ထဲတွင်ကိုင်ထားပြီး ဆောင်းဟွန်းအား စာပို့ရကောင်းနိုး မပို့ရကောင်းနိုးနဲ့ တွေဝေလို့နေသည်။

ဂျယ်ယွန်းက သူတို့ နှစ်ဦးသားchat ထားတဲ့ စကားပြောခန်းကိုကြည့်ပြီး ချီတုံချတုံဖြစ်နေစဉ်တွင် တစ်ဖက်မှ စာ၀င်လာသည့်အတွက် ဂျယ်ယွန်း နှုတ်ခမ်းလေးပွင့်ဟလို့သွားသည်။

ဆောင်းဟွန်းထံမှ ပို့လာတဲ့ "အတန်းပြီးပြီလား"ဆိုသည့် စာလေးကြောင့် ဂျယ်ယွန်း မျက်၀န်းလေးက အနည်းငယ် ရွှင်မြူးလို့သွားပြီး ချက်ချင်းစာပြန်လိုက်လေသည်။

[ဟုတ် အခုပဲပြီးတာ]

ဆောင်းဟွန်းက ချက်ချင်းစာပြန်လာတဲ့ကလေးလေးကြောင့် အံ့ဩသွားပြီး အမူအရာမဲ့သူ့မျက်နှာက ချက်ချင်း နူးညံ့လို့သွားသည်။

[အချိန်ပိုင်းအလုပ်က ၁နာရီလောက်လိုသေးတယ်မဟုတ်လား Cafeကိုတန်းသွားမလို့လား]

[No~ Study Cafe ခဏသွားလိုက်ဦးမယ် ပြီးမှအချိန်ပိုင်းအလုပ်ကိုသွားလိုက်မယ်]

ဆောင်းဟွန်းက တနေကုန် လိမ်လိမ်မာမာနဲ့ စာ‌ေတွကြိုးစားပြီးလုပ်နေမဲ့ ကလေးရဲ့ ပုံကို မြင်ယောင်မိပြီး အသည်းယားသွားရသည်။


ဖြစ်နိုင်ရင် ဂျယ်ယွန်းရဲ့ ပုံရိပ်လေးကို ၂၄နာရီ မြင်နေနိုင်အောင် ဂျယ်ယွန်းအနားမှာ လျှို့ဝှက် ကင်မရာတွေသာ တပ်ဆင်ထားလိုက်ချင်တော့သည်အထိပင်။

ᏴᎪᏴᎽ ᎪΝᎠ ᏴᎪᏴᎽ ᏢᎡϴͲᎬᏟͲϴᎡ (Ikeuhoon)Où les histoires vivent. Découvrez maintenant