ဂျိတ်ခ်ထွက်သွားပြီးနောက်ဆောင်းဟွန်းက ကုတင်ပေါ်တွင်နှစ်ခြိုက်စွာအိပ်မောကျနေသည်။
သို့သော် ဆောင်းဟွန်း၏ အိပ်မက်ထဲတွင် သူ့အတွက် အရေးပါသောအရာတစ်ခု ပျောက်ဆုံးသွားသော်လည်း ထိုအရာက ဘာလဲဆိုတာကိုမမှတ်မိဖြစ်နေလေသည်။
သူက ထိုမွန်းကြပ်ဖွယ်ေကာင်းေသာ အိပ်မက်မှ စိတ်ပင်ပန်းစွာနိုးထလာလိုက်ရပြီး မျက်ခုံးများတွန့်ချိုးကာ မျက်လုံးဖွင့်လိုက်သည်။
နောက်တစ်စက္ကန့်အတွင်းမှာပင် သူ့ဘေးမှနေရာလွတ်ကိုသတိထားမိသွားပြီး မျက်ခုံးများက ပို၍ တွန့်ချိုးကုန်သည်။
သူကအိပ်ယာပေါ်မှ ချက်ချင်းထထိုင်လိုက်သောအခါ အ၀တ်မ၀တ်ထားသော ခန္ဓာကိုယ်အပေါ်ပိုင်းက လျှောကျနေသောစောင်အတွင်းမှ ပေါ်ထွက်လာသည်။
ဆောင်းဟွန်းတွင်အရမ်းလှတဲ့ ခန္ဓာကိုယ်အချိုးအစားရှိ၍ သူ၏ကြွက်သားများမှာလဲ ကျစ်လစ်ကာ သူ့နေရာနှင့်သူတည်ရှိနေသည်မှာ ကောင်းမွန်စွာထွင်းထုထားတဲ့ အဖိုးတန် ကျောက်စိမ်းတုံးလေးလိုပင်။
သူက အခန်းအတွင်းဝေ့ဝဲကြည့်ကာ သူရှာနေသည့်သူ၏အရိပ်အယောင်ကိုမတွေ့သဖြင့် ဘောင်းဘီတစ်ထည်ပဲ၀တ်ထားလျက်နှင့်ပင် ကုတင်ပေါ်မှချက်ချင်းဆင်းလိုက်သည်။
ကုတင်ပေါ်ကဆင်းကာ အခန်းတွင်း နောက်တစ်ခါ ထပ်ရှာလိုက်သောအခါ စားပွဲပေါ်ရှိ စက္ကူစလေးကိုတွေ့လိုက်ရသည်။
သူကစက္ကူစရှိရာစားပွဲအနား ခြေလှမ်းကြဲများဖြင့်ပြေးသွားလိုက်ပြီး စာရွက်လေးကိုကောက်ယူကြည့်လိုက်သည်။
ထိုအခါ အနားစလေးတွေမညီမညာဖြစ်နေသော အိမ်သာသုံးစက္ကူလေးပေါ်တွင် ညီညာ၍ ချစ်ဖို့ကောင်းစွာရေးသားထားသောလက်ရေးလေးကို ဆောင်းဟွန်းတွေ့လိုက်ရသည်။
သို့ပေသည့် လက်ေရးေလးကချစ်စရာေကာင်းသေလာက် စာထဲတွင်ပါ၀င်သည့်အကြောင်းရင်းများမှာတော့ ဆောင်းဟွန်းအတွက် သေးသေးလေးတောင် ချစ်ဖို့ကောင်းမနေခဲ့ပါ။
(မနေ့ညကအနှောင့်အယှက်ပေးမိလို့ လူကြီးမင်းကိုတောင်းပန်ပါတယ်
YOU ARE READING
ᏴᎪᏴᎽ ᎪΝᎠ ᏴᎪᏴᎽ ᏢᎡϴͲᎬᏟͲϴᎡ (Ikeuhoon)
Fanfictionမတော်တဆတစ်ခုကြောင့် သရုပ်ဆောင်တစ်ဦးဖြစ်သူ ဂျိတ်ခ်က သူတစ်ခါမှမတွေ့ဖူးတဲ့လူတစ်ဦးနှင့် အတူအိပ်မိသွားခဲ့သည်။ *ဟုတ်တယ် ဒါက တစ်ညတာမှားယွင်းသွားတဲ့ One Night Standပဲ ဒီလူနဲ့ထပ်တွေ့မှာလဲမဟုတ်တော့ဘူးဆိုတော့ အဆင်ပြေသွားမှာပါ* ဆောင်းဟွန်းကလဲ သူ့ရှေ့က ဂျိတ်ခ်က...
