♡7♡

1K 105 23
                                        

ဂျိတ်ခ်က ယနေ့တွင်လည်း အလုပ်ပြီးသည့်နောက်
ညသန်းခေါင်ကျော်ကာမှအိမ်ပြန်လာရ‌ေလသည်။

အ‌ေတာ်‌ေလးညဉ့်နက်နေပြီဖြစ်သဖြင့် Bus car ပေါ်တွင် သူအပါအ၀င် ခရီးသည် သုံးလေးယောက်မျှသာ ရှိတော့သည်။

ဂျိတ်ခ်က ဘတ်စ်ကား မှန်ပြတင်းမှတဆင့် လမ်းမတစ်လျှောက် လင်းထိန်နေသော မြို့ပြ၏ အလင်းရောင်များကို လိုက်ငေးနေသည်။


သို့သော် သူ့အတွေးထဲတွင်တော့ တစ်စုံတစ်ခုကသာ စိုးမိုးထားလေသည်။


*သန်းနှစ်ဆယ်...ငါက ဘယ်လိုလုပ် သန်းနှစ်ဆယ်ရှာနိုင်မှာလဲ*

သူ့အဖွား၏ဆေးရုံစရိတ်ပင် တစ်လလျှင် သိန်း၂၀ကျော်မျှသာ ကျသင့်လေသည်။


ထိုသိန်း ၂၀ရအောင်ပင် ဂျိတ်ခ်မှာ ရူးသွပ်နေသည့်အတိုင်းအလုပ်လုပ်ရင်းပိုက်ဆံရှာရလေသည်မို့ သန်း၂၀ဆိုသည့်ပမာဏမှာ သူ့အတွက်‌ေတာ့ စိတ်ကူးကြည့်လို့ပင်မရချေ။


ပြီးတော့ သူတကယ်ကိုခံပြင်းမိသည်။


*ငါ့အမှားမှမပါပဲနဲ့...ဘာလို့ ငါ့ကျမှ ဒီလို‌ေတွလာဖြစ်နေရတာလဲ*


ဂျိတ်ခ်မှာအပြင်ပန်းကသာတည်ငြိမ်နေပေမဲ့ သူစိတ်မပင်ပန်းဘူးလို့ပြောလျှင်တော့ လိမ်ရာကျပေလိမ့်မည်။


အမှန်တိုင်းဆိုရလျှင် သူ ဒီလိုကိစ္စတွေကြောင့် စိတ်ပင်ပန်းရသည်။

သူက အကောင်းဆုံးကြိုးစားပြီးရှင်သန်နေရဲ့သားနဲ့ ကိစ္စတွေကဘာလို့အမြဲခက်ခဲနေရတာလဲ။


ဂျိတ်ခ်က ထိုသခင်လေးဆိုသူထွက်သွားသည်နှင့် Manager အား CCTV ကြည့်ခွင့်ပေးရန်တောင်းဆိုခဲ့သည်။

Manager ကြီးကခွင့်ပြုပေးခဲ့သော်လည်း Club ဆိုသည့်နေရာမျိုးမှာ အစထဲက လူရှုပ်သည့်နေရာဖြစ်နေသဖြင့် ဂျိတ်ခ်လဲကျခါနီးအချိန်တွင် သူ့အနား၌ လူများစွာရှိနေပြီး တစ်ယောက်ယောက်က သူ့ကိုခြေထိုးခံလိုက်သည်အား CCTV. တွင် ထင်ရှားစွာမမြင်နိုင်ခဲ့ပေ။

ᏴᎪᏴᎽ ᎪΝᎠ ᏴᎪᏴᎽ ᏢᎡϴͲᎬᏟͲϴᎡ (Ikeuhoon)Where stories live. Discover now