စာစဉ် (၁၇၃)

468 17 0
                                    

အပိုင်း ၂၄၆၇စစ်ဆေးခြင်း

ရီဖူရှင်းက ထွက်ခွာသွားသည့် ထျန်းယင်ရဟန်း၏ ပုံရိပ်ကို စောင့်ကြည့်နေရင်း သူ့မျက်လုံးများတွင် သိချင်စိတ်ပြင်းပြသည့် အကြည့်တို့ ထွက်ပေါ်လာသည်။

ထျန်းယင်ရဟန်းက အမှန်တကယ် သူ့ကို စကားအနည်းငယ် ပြောရုံ လာခဲ့ခြင်း ဖြစ်နိုင်ပေသည်။ သူက အခြား ဖုံးကွယ်ထားသော မည်သည့်ရည်ရွယ်ချက်မှ မရှိသလို ထင်မှတ်ရပေသည်။ ရီဖူရှင်းသည်လည်း တစ်ဖက်လူနှင့် စကားပြောဆိုခြင်းမှ သတင်းအချက်အလက်များစွာ ရရှိခဲ့သည်။

လောက၏ အပြောင်းအလဲများက မူလဘုံမှ မြစ်ဖျားခံလိမ့်မည် ဖြစ်သည်။ ဤဟောကိန်းသည် မူလဘုံအတွင်း ပဋိပက္ခများတွင် မပါဝင်ခဲ့သော ဗုဒ္ဓကျင့်ကြံသူလောက၏ အနောက်ဘက်ကောင်းကင်မှ အရင်ဆုံး ထွက်ပေါ်လာခြင်း ဖြစ်သည်။

တစ်ဖက်လူ၏ စကားအရ ဗုဒ္ဓလောကအတွင်း တစ်ယောက်နှစ်ယောက်သာလျှင် ထိုသို့သော ခန့်မှန်းချက်မျိုးကို ပြုလုပ်နိုင်ပေသည်။ ထိုသူတို့မှာ ဘုံ၏ အထွတ်အထိပ်တွင် ရပ်တည်နိုင်သည့် ဗုဒ္ဓအရှင်သခင်များထဲမှ တစ်ယောက် ဖြစ်ပေသည်။ မည်သည့် ဗုဒ္ဓကျင့်ကြံသူ ဖြစ်လိမ့်မည်နည်း။

၎င်းကို စုံစမ်းရန်မှာ သေချာပေါက် ခက်ခဲလိမ့်မည် မဟုတ်ပေ။ ရီဖူရှင်းသည် ဗုဒ္ဓအထူးစွမ်းရည်ခြောက်မျိုးကို ကျွမ်းကျင်ပိုင်နိုင်သည့် ဗုဒ္ဓကျင့်ကြံသူအရှင်များထဲမှ တစ်ယောက် ဖြစ်မည်ဟု ခန့်မှန်းမိပေသည်။

အရှင်ဒွန်ဟောင်သည် လွန်ခဲ့သော နှစ်ရာချီခန့်က ဗုဒ္ဓကျင့်ကြံသူလောကသို့ ရောက်လာခဲ့ပြီး ဗုဒ္ဓကျင့်ကြံသူအရှင်တစ်ပါး၏ လမ်းညွှန်ပြသမှုကို ရရှိခဲ့သည်။ သူသည်လည်း ထိုအထူးစွမ်းရည်ခြောက်မျိုးထဲမှ တစ်မျိုးကို ကျင့်ကြံနိုင်ခဲ့၏။ သို့သော် သူက မည်သည့် စွမ်းရည်ကို ကျင့်ကြံခဲ့ကြောင်း ရီဖူရှင်း မသိပေ။

ကောင်းကင်ဒေသအတွင်းမှ လူများသည်လည်း အရှင်ဒွန်ဟောင်က ဗုဒ္ဓကျင့်ကြံသူလောကသို့ လမ်းစဥ်ရှာဖွေရန် လာရောက်ခဲ့သည်ကိုသာ သိကြသည်။ သူ မည်သည့်လမ်းစဥ်ကို ရှာဖွေခဲ့ကြောင်း မည်သူမှ မသိကြပေ။

ဒဏ္ဍာရီထဲက ဖူရှင်း (အဆက်)Where stories live. Discover now