စာစဉ် (၁၈၁)

395 13 0
                                    

အပိုင်း ၂၅၈၀သူတို့ အသားကျနေပြီ

စားသောက်ပွဲပြီးနောက် ရီဖူရှင်းနှင့် အခြား အရေးကြီးပုဂ္ဂိုလ်များက စီဝေ့အင်ပါယာနန်းတော်အတွင်းရှိ အခြားအိမ်တော်များထံ သွားလည်ပတ်ကြသည်။ ယခုတွင် နန်းတော်အတွင်းရှိ ကျင့်ကြံသူအသစ်များက ရီဖူရှင်းအား အထင်ကြီးကာ အလွန် လေးစားကြ၏။

ရီဖူရှင်းက ယခုတွင် စီဝေ့ကြယ်ကမ္ဘာ၏ ဒဏ္ဍာရီတစ်ခုဖြစ်ပြီး စီဝေ့မဟာအင်ပါယာ၏ ကိုယ်စားပြုသူဖြစ်သည်။

ထို့နောက် သူက စီနီယာများနှင့် မိသားစုများထံ သွားလည်ပြန်သည်။ သူက တာအိုဘုန်းကြီးမူနှင့် ဆွေးနွေးပြီးနောက် နောက်ထပ် ဆေးဝါးဖော်စပ်မှုစတင်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။

ရီဖူရှင်း စတင်ရန် ပြင်ဆင်ပြီးသည့်အခါ ရုတ်တရက် သူ၏ စိတ်က လှုပ်ခတ်သွားပြီး ရတနာမှန်ကို ထုတ်လိုက်သည်။ အခြားတစ်ဖက်တွင် ရှီးချီယောင်၏ မျက်နှာပေါ်ပေါက်လာသည်။

ရှီးချီယောင်၏ မျက်နှာထက်တွင် အပြုံးတစ်ခုရှိနေပြီး သူမသည် ယခင်ကထက် ပိုမိုလှပနေပုံရ၏။ သူမ၏ အရှိန်အဝါက ပို၍ပင် ထူးခြားအားကောင်းလာပုံရသည်။

"ရှင် နတ်ရတနာကို ဖျက်ဆီးလိုက်တဲ့ သတင်းကိုကြားကြားချင်း ဆက်သွယ်လိုက်တာ။ နှစ်ဆယ့်ရှစ်နှစ်ကြာပြီးတော့ ရှင့်ကို နောက်တစ်ခါ ဆက်သွယ်လို့ရခဲ့ပြီ။"

ရှီးချီယောင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။ အချိန်အကြာကြီး ပျောက်ဆုံးသွားခဲ့သော မိတ်ဆွေကို ပြန်မြင်တွေ့ရသည့်အတွက် သူမနှလုံးသားထဲမှ အလွန် ပျော်ရွှင်မိသည်။

"အနောက်ဘက်အင်ပါယာနန်းတော်လည်း သတင်းရပြီးပြီပေါ့။"

ရီဖူရှင်းက မေးလိုက်သည်။ နတ်ရတနာကို ချိုးဖျက်သွားနိုင်သည့် သတင်းကို ထျန်းယန်မြို့တစ်မြို့တည်းသာလျှင် သိသင့်ပေသည်။

ဆိုလိုသည်မှာ ထျန်းယန်မြို့က ထိုသတင်းကို ဖြန့်ဝေရန် ခွင့်ပြုလိုက်ပြီး ဖြစ်သည်ပင် ​ဖြစ်သည်။

"ဒီလိုပျော်စရာအဖြစ်အပျက်မျိုးကို ထျန်းယန်မြို့က ဘယ်လိုလုပ် ကောင်းကင်ဒေသရဲ့ တခြားအင်အားစုတွေနဲ့ မမျှဝေဘဲ နေနိုင်မှာလဲ။"

ဒဏ္ဍာရီထဲက ဖူရှင်း (အဆက်)Donde viven las historias. Descúbrelo ahora