စာစဉ် (၁၈၈)

369 14 0
                                    

အပိုင်း ၂၆၇၈အနောက်အင်ပါယာနန်းတော်သခင်

ရီဖူရှင်းသည် ဗုဒ္ဓကုန်းမြေအရှင်သခင်ကို စိုက်ကြည့်သည်။ သူသည် မဟာအင်ပါယာ၏ဝိညာဉ်စွမ်းအားကို အာရုံခံနိုင်ပေသည်။ ကြည့်ရသည်မှာ ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုသည် ဤတစ်ကြိမ်တွင် သူတို့၏ဝှက်ဖဲများကို စေလွှတ်လိုက်သည့်ပုံပင်။ ရှေးဟောင်းနတ်ဘုရားကလန်များတွင် လက်ဆင့်ကမ်းခဲ့ကြသော မဟာအင်ပါယာများ၏ဝိညာဉ်စွမ်းအားများသည် အခွင့်အရေးများ ရနိုင်ရန် ဤရှေးဟောင်းကုန်းမြေသို့ လိုက်လာခဲ့ကြ၏။

"ခင်ဗျား ကျုပ်ကို အရင်သတ်နိုင်မှ ရလိမ့်မယ်"

ရီဖူရှင်းက ပြန်ပြောလိုက်၏။ ကောင်းကင်တုန်ဟည်းနတ်တူမှနေ၍ ကြောက်မက်ဖွယ် တုန်ခါလှိုင်းများ ထွက်ပေါ်လာပြီး ဗုဒ္ဓကုန်းမြေအရှင်သခင်ဆီသို့ ပျံဝင်သွားသည်။

ထန်း...

ကျယ်လောင်သော သတ္တုထိခတ်သံတစ်သံ ထွက်ပေါ်လာ၏။ ဗုဒ္ဓကုန်းမြေအရှင်သခင်၏ခန္ဓာကိုယ်သည် ရွှေအဖြစ် ပြောင်းလဲသွားသည်။ ၎င်းသည် ဖျက်ဆီး၍မရနိုင်သောဗုဒ္ဓပုံစံ၏ နတ်ခန္ဓာဖြစ်သည်။ ဤခန္ဓာသည် ရွှေအစစ်ဖြင့် ထုဆစ်ထားသည်ဟု ထင်ရပြီး ရွေ့သွားအောင် လုပ်၍မရနိုင်ပုံပင်။

တစ်ချိန်တည်းမှာပင် ရီဖူရှင်းသည် ဗုဒ္ဓကုန်းမြေအရှင်သခင်၏ ခန္ဓာကိုယ်ထဲတွင် အရှိန်အဝါကြီးသော နတ်စွမ်းအားတစ်ခု လှည့်လည်လာသည်ကို အာရုံခံမိသည်။ ထိုအတတ်သည် ဗုဒ္ဓကုန်းမြေမှ ကျင့်ကြံသူများ ကျင့်ကြံသော ထူးခြားသည့်အတတ်တစ်ခုဖြစ်ပြီး ဗုဒ္ဓကုန်းမြေ၏ နတ်စွမ်းအားဟု ခေါ်ပေသည်။

ရီဖူရှင်းကို ပို၍အံ့အားသင့်စေသည့်အရာမှာ ဗုဒ္ဓကုန်းမြေအရှင်သခင် ကျင့်ကြံထားသော ဗုဒ္ဓကုန်းမြေ၏ နတ်စွမ်းအားသည် ဗုဒ္ဓနတ်သူငယ်၏စွမ်းအားထက် သာလွန်နေခြင်းဖြစ်သည်။ ၎င်းစွမ်းအားသည် ဗုဒ္ဓကုန်းမြေ၏ ရှေးဟောင်းအင်ပါယာ၏အရှိန်အဝါနှင့်ပင် ဆင်တူနေပြီဖြစ်သည်။

ဗုဒ္ဓကုန်းမြေမှ မဟာအင်ပါယာ၏ဝိညာဉ်စွမ်းအားသည် နတ်စွမ်းအားဖြစ်လာကာ ဗုဒ္ဓကုန်းမြေအရှင်သခင်နှင့် ပေါင်းစည်းသွားခြင်းပေလော။ မဟာအင်ပါယာ၏ဝိညာဉ်စွမ်းအားသည် ဗုဒ္ဓကုန်းမြေအရှင်သခင်နှင့်‌ ပေါင်းစည်းရန် ကြိုးစားနေခြင်းလော။ ရီဖူရှင်းသည် သူ့ဘာသာ တွေးလိုက်သည်။ အကယ်၍ ထိုသို့သာဖြစ်လျှင် ဗုဒ္ဓကုန်းမြေအရှင်သခင်၏ စွမ်းရည်သည် လွန်စွာ ကြောက်မက်ဖွယ်ကောင်းနေပေလိမ့်မည်။

ဒဏ္ဍာရီထဲက ဖူရှင်း (အဆက်)Where stories live. Discover now