စာစဉ် (၁၉၅)

440 14 3
                                    

အပိုင်း ၂၇၇၆စကားစမြည်

ရီဖူရှင်းသည် ချီရွှမ်ကန်းက မည်သည်ကိုပြောရန် ကြိုးစားနေကြောင်း သိပေသည်။ သူသည် သူနှင့် ကောင်းကင်ဒေသနှင့်အရှင်ဒွန်ဟောင်တို့အကြားမှ ပဋိပက္ခကြောင့် ကွဲပြားသောလမ်းကို လျှောက်နေခဲ့သည် မဟုတ်ပါလား။

သူက လက်ရှိတွင် မှော်နက်လောကနှင့် နတ်ဆိုးလောကတို့၏ မဟာမိတ်ဖြစ်လာသည်ဟု ထင်ရသည်။

လောကထဲတွင် နတ်ဆိုးလောကနှင့် မှော်နက်လောကသည် ဖျက်ဆီးသူများအဖြစ် သူတို့ဘာသာ တံဆိပ်ကပ်ခဲ့သည်။ သူတို့သည် ဘုံခြောက်ခု၏ စစ်ပွဲကို အစပြုရန် ကောင်းကင်ဒေသကို ကျူးကျော်ခဲ့သည်။ သူတို့တွင်လည်း သူတို့၏အကြောင်းပြချက်များရှိသော်လည်း သူတို့သည် စစ်ပွဲကို အစပြုသူများဖြစ်သည်ဟူသောအချက်သည် ငြင်း၍မရနိုင်သောအချက်ဖြစ်သည်။

"ဆရာ... ဘုံခြောက်ခုနဲ့ ကောင်းကင်အင်ပါယာခြောက်ပါးအပေါ် ဆရာဘယ်လိုမြင်ပါသလဲ"

ရီဖူရှင်း မေးလိုက်သည်။ သူတို့သည် ထိုအကြောင်းကို ပြောနေကြခြင်းဖြစ်ရာ သူသည် ထိုအကြောင်းအပေါ် ချီရွှမ်ကန်း၏အမြင်ကို သူစိတ်ဝင်စားလာသည်။ သူ၏ ကျင့်ကြံခြင်းအဆင့်သည် သူ့ဆရာထက် များစွာမြင့်နေပြီဖြစ်သော်လည်း သူ၏အမျှော်အမြင်သည် သူ့ဆရာလောက် မကောင်းနိုင်ပေ။

"တစ်စုံတစ်ယောက်ရဲ့ ရပ်တည်ချက်မှာ မှန်တယ်၊ မှားတယ်ဆိုတာ မရှိဘူး။ ဒါပေမဲ့ အဲဒီရပ်တည်ချက်ရဲ့ ရလဒ်ကတော့ တစ်နည်းတစ်ဘာသာပဲ"

ချီရွှမ်ကန်းက ရှင်းပြလိုက်သည်။

"နတ်ဆိုးလောကနဲ့ မှော်နက်လောကတို့က ဒီကိစ္စမှာ သူတို့ရဲ့ ရပ်တည်ချက်နဲ့ သူတို့ရှိမှာပဲ။ နတ်ဆိုးအင်ပါယာနဲ့ မှော်နက်အရှင်တို့မှာ သူတို့ လိုချင်တဲ့၊ သူတို့လုပ်ဖို့လိုအပ်တဲ့ အရာတွေ ရှိမှာပဲ။ အားလုံးမှာ ထမ်းဆောင်ရမယ့် တာဝန်ကိုယ်စီရှိကြတယ်မလား။ သူတို့မှာလည်း သူတို့ချရမယ့် ဆုံးဖြတ်ချက်တွေ၊ ထည့်စဉ်းစားရမယ့် ကိစ္စတွေ ရှိလိမ့်မယ်။ ဒါပေမဲ့ နတ်ဆိုးလောကရဲ့ ကောင်းကင်ဒေသကို ကျူးကျော်မှုက စစ်ပွဲတစ်ပွဲကို အစပြုခဲ့တယ်။ တစ်ဘက်မှာလည်း မှော်နက်လောကရဲ့ လုပ်ဆောင်မှုက နတ်ဆိုးလောကထက် ပိုဆိုးခဲ့တယ်။ သူတို့ မဟာလမ်းစဉ်ရဲ့ ဒေသ(၃၀၀၀)ကို တိုက်ခိုက်ခဲ့တဲ့ကိစ္စကို မင်းမှတ်မိလိမ့်ဦးမယ်လို့ ငါယုံကြည်တယ်"

You've reached the end of published parts.

⏰ Last updated: Feb 13 ⏰

Add this story to your Library to get notified about new parts!

ဒဏ္ဍာရီထဲက ဖူရှင်း (အဆက်)Where stories live. Discover now