စာစဉ် (၁၈၃)

300 15 0
                                    

အပိုင်း ၂၆၀၈အင်ပါယာရီချင်၏သေဆုံးမှု

ရီဖူရှင်းသည် ခေါင်းမော့ကာ နတ်ဆိုးအင်ပါယာကို အံ့ဩတကြီးကြည့်သည်။ သူက မေးလိုက်၏။

"မပြောခဲ့ပါဘူး။ အရှင်အင်ပါယာက ကျုပ်ကို ပြောပြမှာပါလား..."

သူက သူ၏ဇစ်မြစ်ကို အမြဲသိလိုနေခဲ့သည်။

နတ်ဆိုးအင်ပါယာက ရီဖူရှင်းကို သူ၏နက်ရှိုင်းသောမျက်ဝန်းများဖြင့် ကြည့်လျှက် တီးတိုးပြောသည်။

"မျက်ကန်းတစ္ဆေမကြောက်လို့ ပြောကြတယ်..."

"သူက ယူချင်းကို မင်းနောက်လိုက်ခိုင်း၊ မင်းကို သခင်လေးလို့ခေါ်ခိုင်းပြီးတော့ မင်းရဲ့အစေခံလို နေခိုင်းခဲ့တယ်လို့ ငါကြားတယ်။ အဲဒါကြောင့် ငါက မင်းရဲ့ ဇစ်မြစ်အစစ်အမှန်ကို စိတ်ဝင်စားနေတာပဲ"

နတ်ဆိုးအင်ပါယာက ရီဖူရှင်းကို ပြောသည်။ ထို့ကြောင့် သူသည် မကြာသေးခင်က နတ်ဆိုးမျှော်စင်သို့ ကိုယ်တိုင်သွား၍ ရီဖူရှင်းကို တွေ့ခဲ့ခြင်းဖြစ်သည်။ သူသည် ရီဖူရှင်းက မည်သို့သောသူ ဖြစ်ကြောင်း သိလိုသည်။ ထို့အပြင် ရီဖူရှင်းသည် သူ၏ထောက်ပံ့မှုနှင့် ထိုက်တန်လေသလောဟုလည်း သိချင်ခဲ့သည်။

သူနှင့် အင်ပါယာရီချင်သည် မည်သို့သော ပတ်သတ်မှုမျိုးရှိသနည်း။

သူသည် အမှန်ပင် အင်ပါယာရီချင်၏ မျိုးဆက်တစ်ဦးပေလော။

ထိုကိစ္စသည် အမှန်ဖြစ်နေသလော။

ရီဖူရှင်းနှင့် ယူချင်းမှလွဲ၍ ထိုအခြေအနေအကြောင်းကို အများဆုံးသိသော တစ်ဦးတည်းသောသူသည် နတ်ဆိုးအင်ပါယာပင် ဖြစ်ပေလိမ့်မည်။ သူသည် သူ၏ညီ အကြောင်းကို အခြားသူများထက် ပို၍ကောင်းစွာ သိသည်။ သူသည် ရီဖူရှင်းနှင့် ယူချင်းတို့ကို မည်သို့ ပျိုးထောင်၊ သင်ကြားပေးခဲ့သည်ကိုသိ၏။ ထိုကိစ္စများသည် ယခုအထိ အခြားသူများ မသိသေးသော အကြောင်းများဖြစ်သည်။

ရီဖူရှင်း၏ရင်ထဲရှိ သံသယများ ကြီးထွားလာ၏။ နတ်ဆိုးအင်ပါယာသည်ပင် သူ၏ဇစ်မြစ်အမှန်ကို မသိသည်လော။

သူသည် မည်သူဖြစ်သနည်း။

"အင်ပါယာရီချင် ဘာလို့သေသွားတယ်ဆိုတာ မင်းသိလား"

ဒဏ္ဍာရီထဲက ဖူရှင်း (အဆက်)Donde viven las historias. Descúbrelo ahora