စာစဉ် (၁၉၀)

302 14 0
                                    

အပိုင်း ၂၇၀၆နတ်ဘုရားများ၏ရုပ်တုများ

လောကအားလုံးမှ ကျင့်ကြံသူများသည် ကောင်းကင်နန်းတော်ဟောင်း၏ အပျက်အစီးများ အတွင်းသို့သွားကာ ရှာဖွေနေကြသည်။

လူများစွာသည် မဟာအင်ပါယာများ၏ အမွေအနှစ်များကို ရှာတွေ့ခဲ့ကြပြီး ဤနေရာသို့လာကာ လေ့လာကျင့်ကြံနေကြသည်။ လူအချို့သာ ရီဖူရှင်းပါဝင်ခဲ့သော တိုက်ပွဲကို သတိပြုမိခဲ့ပြီး သူတို့သည် ထိုတိုက်ပွဲကို များစွာ အာရုံမစိုက်ခဲ့ကြပေ။ သူတို့သည် သူတိုက်ခိုက်သည်ကို ကြည့်ရန် ဤနေသို့ ရောက်လာခဲ့ခြင်း မဟုတ်ချေ။

"ဟိုကိုကြည့်လိုက်..."

ရီဖူရှင်း၏မျက်လုံးများသည် ပျက်စီးနေသောအဆောက်အဦးများ ပြည့်နှက်နေသည့် သူ့ဘယ်ဘက်ရှိ နေရာသို့ လှမ်းကြည့်သည်။ ထိုနေရာရှိ ကောင်းကင်တစ်ခွင်လုံးတွင် ကြောက်မက်ဖွယ် နတ်မီးတော်များ ပြည့်နှက်နေပြီး ကောင်းကင်၏အရောင်ကို ရဲရဲနီနေစေလေသည်။ ထိုနေရာသည် အလွန်ဝေးသော်လည်း ထိုမှအပူကို ထင်ထင်ရှားရှား ခံစားနိုင်နေသည်။

"အဲဒီနေရာက မဟာအင်ပါယာတစ်ပါးရဲ့ ကျင့်ကြံခြင်းနန်းတော်ဖြစ်ရမယ်"

တာအိုဘုန်းတော်ကြီးမူက ထိုနေရာကို စူးစိုက်ကြည့်၍ ပြောလိုက်၏။ သူသည် အနည်းငယ် အံ့အားသင့်နေပုံပင်။

"ဒီဗာရဲ့ အုပ်ချုပ်မှု‌အောက်က ကောင်းကင်နန်းတော်ဟောင်းမှာ ထိပ်သီးကျင့်ကြံသူတွေ အများကြီး ရှိလောက်မှာပဲ... သူတို့ကြားမှာ မဟာအင်ပါယာတွေလည်း ရှိလောက်မယ်။ အဲဒီနေရာက မဟာအင်ပါယာတွေ ကျင့်ကြံတဲ့နေရာ ဖြစ်လောက်မှာပါ..."

ရီဖူရှင်းက ထောက်ခံလိုက်သည်။

"ကျုပ် အဲဒီကိုသွားပြီး ကျင့်ကြံလိုက်မယ်"

တာအိုဘုန်းတော်ကြီးမူက ပြောလိုက်၏။ သူသည် မီးတောက်အတတ်ကို ကျင့်ကြံသူဖြစ်သဖြင့် ထိုနေရာသည် သူ့အတွက် ပြီးပြည့်စုံပေသည်။

"ရှေးဟောင်းနတ်ဘုရားကလန်တွေ..."

ရီဖူရှင်း စကားမဆုံးခင်မှာပင် သူသည် တာအိုဘုန်းတော်ကြီးမူ ပြောသည်ကို ကြားလိုက်ရ၏။

ဒဏ္ဍာရီထဲက ဖူရှင်း (အဆက်)Where stories live. Discover now