စာစဉ် (၁၈၉)

233 12 0
                                    

အပိုင်း ၂၆၉၂ရှန်းယန်၏ကျဆုံးခန်း

"ဗုဒ္ဓကုန်းမြေအရှင်သခင်... ဒီနေရာကို ချိပ်ပိတ်လိုက်ပါ"

တစ်စုံတစ်ယောက်က အော်ပြောလိုက်၏။ ဗုဒ္ဓကုန်းမြေအရှင်သခင်က ခေါင်းညိတ်လျှက် သဘောတူလိုက်သည်။ သူ၏ ခန္ဓာကိုယ်မှနေ၍ ဗုဒ္ဓကုန်းမြေနတ်စွမ်းအား ထွက်ပေါ်လာ၏။ ရုတ်ခြည်းအတွင်းမှာပင် ဗုဒ္ဓကုန်းမြေ၏နတ်စွမ်းအားသည် ကြောက်မက်ဖွယ် ဗုဒ္ဓကုန်းမြေအဖြစ် ပြောင်းလဲသွားပြီး ထိုအာကာပြင်ကို ပိတ်ဆို့ရန် ကြိုးပမ်းလိုက်လေသည်။

သို့သော် ထိုအာကာပြင်ကို ထိန်းချုပ်ထားသည်မှာ မဟော်ရာဂီ၏ ဝိညာဉ်စွမ်းအားဖြစ်သည်။ ထိုဝိညာဉ်စွမ်းအားသည် အခြားစွမ်းအားများကို ဝါးမျိုးပစ်နိုင်ပြီး ဗုဒ္ဓကုန်းမြေ၏နတ်စွမ်းအားသည်ပင် ဝါးမျိုခံလိုက်ရလေသည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်ထက်ရှိ မဟော်ရာဂီ၏လက်ထဲတွင် ကောင်းကင်တုန်ဟည်းနတ်တူကို ကိုင်ထား၏။ ထိုတူကို ထပ်မံထုချလိုက်သည်။ ကျယ်လောင်သော ပေါက်ကွဲသံတစ်သံနှင့်အတူ မဟာလမ်းစဉ် ပြိုပျက်သွားပြီး အနားသတ်များသည် ပုံသဏ္ဍာန်အတည်တကျမရှိတော့ပေ။

"ခင်ဗျားတို့ နောက်ဆုတ်နေကြ"

မဟော်ရာဂီက အမိန့်တစ်ခု ပေးလိုက်သည်။ ရုတ်ခြည်းပင် မုန်တိုင်းကြီးသည် စီဝေ့အင်ပါယာနန်းတော်နှင့် အနောက်အင်ပါယာနန်းတော်တို့မှ ကျင့်ကြံသူများကို အဝေးသို့ ခေါ်ဆောင်သွားသည်။ ရီဖူရှင်းသည် ထိုမုန်တိုင်းစွမ်းအားကို ထိန်းချုပ်နေကြောင်း သူတို့သိသဖြင့် သူတို့သည် ခုခံမနေဘဲ မုန်တိုင်းကို သူတို့အား အဝေးသို့ ခေါ်ဆောင်သွားခွင့်ပြုလိုက်သည်။ ဓားဧကရာဇ်အရှင်၊ ရှီးချီယောင်နှင့် မူလအနောက်အင်ပါယာနန်းတော်သခင်တို့သာ ကျန်ခဲ့သည်။

ထိုသုံးဦးသည် ထိပ်သီးကျင့်ကြံသူများဖြစ်သဖြင့် တိုက်ပွဲပြင်တွင် ဆက်ရှိနေလျှင်လည်း အန္တရာယ်ရှိမည်မဟုတ်ပေ။

ပို၍ပင် အံ့အားသင့်ဖွယ်ကောင်းသော မုန်တိုင်းကြီးတစ်ခု ထွက်ပေါ်လာပြီး အောက်ဘက်ရှိ ကျင့်ကြံသူများသည် ရင်တုန်ပန်းတုန်ဖြစ်သွားကြသည်။ သူတို့အားလုံးသည် တစ်စုံတစ်ခုက မူမမှန်ကြောင်း ခံစားလိုက်ရ၏။ ထိုဝါးမျိုစွမ်းအားသည် ပို၍အားကောင်းလာသည်ဟု ထင်ရသည်။

ဒဏ္ဍာရီထဲက ဖူရှင်း (အဆက်)Where stories live. Discover now