စာစဉ် (၁၇၆)

376 12 0
                                    

အပိုင်း ၂၅၁၀ရက်စက်စွာသတ်ဖြတ်ခြင်း

နတ်ဘုရားချိပ်စည်း၏ ကြောက်မက်ဖွယ်စွမ်းအားသည် ထိုနေရာရှိ ကောင်းကင်ကို ချိပ်ပိတ်လိုက်ပြီး တုန်းဟွာနန်းတော် တည်ရှိသည့် မြေပြင်တစ်ခုလုံးအား လွှမ်းခြုံလိုက်သည်။ ရီဖူရှင်းတို့အုပ်စုသည်လည်း ထိုချိပ်စည်းထဲတွင် ပိတ်မိသွား၏။

ရီဖူရှင်းဘေးမှ အင်ပါယာရှီက တစ်ချက်လှမ်းကြည့်သည်။

ချန်ယိ၏အင်အားသည် အမှန်ပင် အံ့အားသင့်ဖွယ်ကောင်း၏။ သူသည် နင်ဟွာကို အလွယ်တကူ ဖိနှိပ်နိုင်ကာ တစ်ဖက်လူအား အလွယ်တကူ သတ်ဖြတ်နိုင်စွမ်းရှိနေသည်။ သို့သော် အခြေအနေကတော့ အနည်းငယ် ရှုပ်ထွေး၏။ နင်ယွမ်၏ စွမ်းအားနှင့်အာဏာကို ထည့်မတွက်လျှင်ပင် ကုန်းမြေသခင်အိမ်တော်များမှ စွမ်းအားမြင့်တန်ခိုးရှင်များသည် သေချာစောင့်ကြည့်နေကြသေးသည်။

အကယ်၍ နင်ဟွာသေသွားခဲ့လျှင် မည်သို့ဖြစ်လာမည်နည်း။ ချန်ယိတို့အတွက် ထိုနေရာမှ လုံခြုံစွာထွက်ခွာသွားနိုင်ရန် မလွယ်ကူတော့ပါ။

"သူ့ကို လွှတ်လိုက်စမ်း"

နင်ယွမ်က ချန်ယိကို ကြည့်လျှက် အေးစက်စွာ အော်ပြောသည်။ နတ်ဘုရားချိပ်စည်း၏ ခပ်ဖျော့ဖျော့အရှိန်အဝါတစ်ခုသည် ချန်ယိထံသို့ ရွေ့လျားသွား၏။ ၎င်းသည် ချန်ယိကို အချိန်မရွေး စည်းနှောင်ချိပ်ပိတ်တော့မည့်ဟန် ရှိသည်။

"ခင်ဗျား ဝင်မပါတာ ကောင်းလိမ့်မယ်"

ချင်ယိက နင်ယွမ်ကို သတိပေးလိုက်သည်။ နင်ယွမ် မည်သို့တွေးနေသည်ကို သူ ကောင်းကောင်းသိ၏။

နင်ယွမ်သည် သူ့ကို ဆက်စိုက်ကြည့်နေသည်။ ထို့နောက် သူသည် ရီဖူရှင်းနှင့်အခြားသူများကို လှမ်းကြည့်လိုက်ကာ အေးစက်စွာ ပြောလိုက်၏။

"မင်းတို့ သူ့ကိုထိခိုက်အောင် လုပ်ဝံ့ရင် ဒီနေရာကနေ ဘယ်သူမှ အသက်ရှင်လွတ်မြောက်နိုင်မယ် မထင်နဲ့။ စီဝေ့ကြယ်ကောင်းကင်ကိုလည်း အမြစ်လှန်ပစ်မယ်"

နင်ယွမ်၏စကားက သူ့ယုံကြည်မှုကို ပြသနေသည်။ သူ့တွင် ထိုသို့ ခြိမ်းခြောက်ရန် အင်အားရှိ၏။ သူသည် သူ၏ကပ်ဘေးများကို လွန်ခဲ့သောနှစ်များစွာကပင် ကျော်ဖြတ်ခဲ့ပြီးဖြစ်ရာ အင်ပါယာရှီကဲ့သို့ အစွမ်းကြီးသူများပင် သူ့ကို အလွယ်တကူမယှဉ်နိုင်ပေ။ ဆေးအင်ပါယာသည် ယခင်က ဝမ်ရှန့်စောင့်ကြည့်မျှော်စင်ကိုသုံး၍ နင်ယွမ်နှင့် တိုက်ခိုက်ဖူး၏။ ထိုစဉ်က ဆေးအင်ပါယာသည် ဒဏ်ရာအပြင်းအထန်ဖြင့်သာ ထွက်ပြေးခဲ့ရသည်။

ဒဏ္ဍာရီထဲက ဖူရှင်း (အဆက်)Where stories live. Discover now