စာစဉ် (၁၉၁)

266 6 1
                                    

အပိုင်း ၂၇၂၀အခြားသူများကို သွားခေါ်ခြင်း

ရီဖူရှင်းသည် မဟော်ရာဂီအမွေအနှစ်နယ်မြေသို့ ပြန်ရောက်သောအခါ စီဝေ့အင်ပါယာနန်းတော်နှင့် အနောက်အင်ပါယာနန်းတော်မှ ကျင့်ကြံသူများအားလုံးကို အစည်းအဝေးခေါ်လိုက်လေသည်။

သူတို့သည် အတူတကွ စုဝေးကာ ရီဖူရှင်းကို ကြည့်လိုက်ကြသည်။ ရီဖူရှင်းသည် ထိုလူစု၏ ခေါင်းဆောင် ဖြစ်လာပြီဖြစ်သည်။ စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် နဂိုကတည်းက သူ၏အမိန့်များကို လိုက်နာသူများဖြစ်သော်လည်း အနောက်အင်ပါယာနန်းတော်၏ ခေါင်းဆောင် ရှီးချီယောင်သည်လည်း သူနှင့်အတူ ပူးပေါင်းလုပ်ဆောင် လိုနေသည်။ မဟာမိတ်အဖွဲ့သည် ရီဖူရှင်းကို သူတို့၏ခေါင်းဆောင်အဖြစ် ဆုံးဖြတ်ခဲ့ကြသည်။

ရီဖူရှင်းက စုဝေးနေသော လူစုကိုကြည့်ကာ ကြေညာလိုက်သည်။

"ကျုပ် ခင်ဗျားတို့အားလုံးကို ခေါ်လိုက်ရတာက ကိစ္စတစ်ခုကို ဆွေးနွေးချင်လို့ပါ။ နတ်ဘုရားတွေရဲ့ ကုန်းမြေပေါ်ထွက်လာပြီး နတ်အမွေအနှစ်တွေကလည်း တစ်ခုပြီးတစ်ခု တူးဖော်ခံနေရတယ်။ ဒီကုန်းမြေကလည်း ပြန့်ကားလာပြီး အဲဒါရဲ့ ရှေးဟောင်းအငွေ့အသက်ကလည်း မူလဘုံရဲ့ နေရာအနှံ့ကို ပျံ့နှံ့နေပြီ။ အဲဒါကြောင့် နောက်ကျရင် ဒီနေရာက သမိုင်းဝင်ကုန်းမြေတစ်ခုအနေနဲ့ပဲ ရှိတော့မှာ မဟုတ်ဘူး... မူလဘုံရဲ့ အကြီးကျယ်ဆုံး ပထမတန်းစားကုန်းမြေတစ်ခု ဖြစ်လာလိမ့်မယ်"

လူများသည် ရီဖူရှင်း၏စကားများကို ကြားလိုက်သောအခါ ခေါင်းညိတ်လိုက်သည်။ ပြီးခဲ့သောနှစ်အနည်းငယ်အတွင်း၌ သူတို့အားလုံးသည် အမွေအနှစ်များကို ပိုင်ဆိုင်နိုင်ရန် တိုက်ခိုက်ခြင်းနှင့် ကျင့်ကြံခြင်းတို့တွင်သာ အာရုံစိုက်နေခဲ့ကြသည်။ သူတို့သည် အခြားကိစ္စများနှင့်ပတ်သတ်၍ အသေးစိတ် မတွေးခဲ့ကြပေ။ သို့သော် ရီဖူရှင်းမှာမူ ထိုကိစ္စအားလုံးကို တွေးထားကြောင်း ထင်ရှား၏။

ယခင်က မဟာလမ်းစဉ်၏ ဘုံသုံးထောင်ဖြစ်ခဲ့သော မူလဘုံ၏ ကုန်းမြေသည် အရေးပါသည်ဟု သတ်မှတ်မခံရတော့ပေ။ နောက်ပိုင်းတွင် မူလဘုံသည် ပြောင်းလဲခဲ့ပြီး ပျောက်ဆုံး‌နေခဲ့သော ရှေးဟောင်းကုန်းမြေများစွာ ထွက်ပေါ်လာခဲ့သည်။ ၎င်းကုန်းမြေများကို အင်အားစုအသီးသီးက သိမ်းပိုက်ခဲ့သည်။ ၎င်းတို့ထဲမှ အင်အားအကြီးဆုံးမှာ စီဝေ့ကြယ်ကောင်းကင်ဖြစ်သည်။

ဒဏ္ဍာရီထဲက ဖူရှင်း (အဆက်)Where stories live. Discover now