စာစဉ် (၁၈၀)

308 11 0
                                    

အပိုင်း ၂၅၆၆ကောင်းကင်ထုနှက်ခြင်းတူပညာရပ်

ရီဖူရှင်း၏ မောက်မာသော စကားလုံးများကြောင့် ကောင်းကင်ဒေသမှ လူအားလုံးသည် သူ့ကို..အထူးသဖြင့် သူ၏ခန္ဓာကိုယ်ကို ငေးကြည့်လိုက်ကြ၏။ လွန်ခဲ့သောနှစ်‌ပေါင်းများစွာက ရီဖူရှင်းသည် မဟာအင်ပါယာရှန့်ကျား၏ခန္ဓာကိုယ်ကို အသုံးပြုခဲ့သည်။ ထို့ကြောင့် သူ၏ခန္ဓာကိုယ်သည်လည်း အံ့အားသင့်ဖွယ် သန်မာလာပြီး ပြိုင်ဘက်ကင်းနတ်ခန္ဓာတစ်ခုနီးပါး ကြံ့ခိုင်လာ၏။

ယခုတွင် နှစ်ပေါင်းများစွာကြာပြီးနောက် ထိုခန္ဓာကိုယ်သည် ကပ်ဘေးအဆင့်ကျင့်ကြံသူတစ်ဦးက ထုတ်လွှတ်လိုက်သော မဟာလမ်းစဉ်အဖျက်စွမ်းအားကိုပင် ထိပ်တိုင်ရင်နိုင်သည်အထိပင် သန်မာလာခဲ့၏။

ထိုစွမ်းအားသည် အမှန်တကယ်တိုက်ခိုက်မှုမစခင် အဖျက်စွမ်းအားအဖျားခတ်မှုလေးသာဖြစ်သော်လည်း ရီဖူရှင်း၏ခန္ဓာ၏သန်မာမှုကို ပြသရန် လုံလောက်သည်။

"ရီဖူရှင်းရဲ့ ခန္ဓာကိုယ်ရဲ့ အင်အားက ဝိညာဉ်စွမ်းအားမသုံးရင်တောင် မဟာလမ်းစဉ်ပထမကောင်းကင်ကပ်ဘေးကို ကျော်ဖြတ်ပြီးသွားတဲ့ ကျင့်ကြံသူအများစုထက် သာတာပဲ"

ထိုက်ရှန့်ကုန်းမြေမှ ကုန်းမြေသခင်က တိုက်ပွဲကိုကြည့်လျှက် မှတ်ချက်ပြုသည်။ သူ၏စကားလုံးများသည် သာမန်သာဖြစ်ပြီး သူ၏အဆင့်အတန်းကို မပြသပေ။ သူသည် ရီဖူရှင်း၏ခန္ဓာကိုယ်၏အင်အားကို ဘက်မလိုက်ဘဲ မှတ်ချက်ပြုလိုက်ခြင်းသာဖြစ်သည်။

"အမှန်ပဲ"

သူ့ပတ်ပတ်လည်ရှိ ကောင်းကင်ဒေသမှ ကျင့်ကြံသူများက ခေါင်းညိတ်လိုက်ကြ၏။ ကပ်ဘေးအဆင့်ကျင့်ကြံသူများထဲတွင်ပင် ထိုကဲ့သို့ တိုက်ခိုက်မှုကို မည်သို့မှ မခုခံပဲ ခံနိုင်သည့်သူ အနည်းသာရှိသည်။

သို့သော် ဝမ်ရှောင်သည် ထိုကဲ့သို့ အသေးစိတ်အချက်များကို ဂရုစိုက်မနေနိုင်ပေ။ သူ့မျက်လုံးများထဲမှ နတ်အလင်းထွက်ပေါ်လာပြီး သူသည်လည်း ကောင်းကင်ထက်မှ ပျံဆင်းလာ၏။ နတ်မင်းပုံရိပ်အောက်တွင် ထျန်းယန်မြို့၏ မြို့သခင်ရုံးတော်အပါအဝင် ကျယ်ပြောသော အကန့်အသတ်မဲ့ အာကာပြင်သည် သူ၏မဟာလမ်းစဉ်စက်ကွင်း၏ လွမ်းခြုံခြင်းကို ခံလိုက်ရ၏။

ဒဏ္ဍာရီထဲက ဖူရှင်း (အဆက်)Where stories live. Discover now