စာစဉ် (၁၈၄)

375 12 1
                                    

အပိုင်း ၂၆၂၂အရှင်ဒွန်ဟောင်၏ ကနဦးဆုံးဖြတ်ချက်

ရီဖူရှင်းက နတ်ဆိုးအင်ပါယာ၏ ကတိစကားကို ကြားလိုက်သောအခါ ဦးညွှတ်လျှက် ပြောသည်။

"ကျေးဇူးအများကြီးတင်ပါတယ် အရှင်အင်ပါယာ... လက်ရှိ မူလဘုံမှာ စီဝေ့ကြယ်ကောင်းကင်က တစ်ခုတည်းသော အင်အားစုမဟုတ်ပါဘူး။ လောကအသီးသီးက အင်အားစုတွေလည်း အဲဒီမှာ ရှိနေပါတယ်။ ဒါပေမဲ့ စီဝေ့ကြယ်ကောင်းကင်က မူလဘုံကို အုပ်စိုးထားတဲ့ အကြီးဆုံးအင်အားစုပါ။ တခြားအင်အားစုတွေအတွက်တော့ ကျုပ် မပြောတတ်ပေမယ့်... သေချာပေါက် စီဝေ့ကြယ်ကောင်းကင်က နတ်ဆိုးဘုံနဲ့ ရန်သူဖြစ်လာမှာ မဟုတ်ပါဘူး..."

အင်အားစုနှစ်စုသည် တစ်ယောက်ကိစ္စတွင်တစ်ယောက် ဝင်ပါမည်မဟုတ်ပေ။

နတ်ဆိုးဘုံနှင့် မဟာမိတ်ဖွဲ့၍ ကောင်းကင်ဒေသကို အတူတကွ ကျုးကျော်ရန်အတွက်မူ စီဝေ့ကြယ်ကောင်းကင်သည် လိုအပ်သောအင်အားကို မထူထောင်ရသေးသဖြင့် ရီဖူရှင်းအနေဖြင့် ထိုသို့အကြံမပေးဝံ့သေးပေ။

နတ်ဆိုးအင်ပါယာသည် နတ်ဆိုးဘုံတစ်ခုလုံးကို အမိန့်ပေးခဲ့သည်။ နတ်ဆိုးဘုံမှ ကျင့်ကြံသူအရေအတွက်သည် ကောင်းကင်ဒေသမှ ကျင့်ကြံသူအရေအတွက်ထက် များစွာနည်းသည်။ သို့သော် နတ်ဆိုးဘုံမှ ကျင့်ကြံသူတိုင်းသည် နတ်ဆိုးအင်ပါယာ၏အမိန့်ကို ရသောအခါ စစ်ပွဲတွင် ပါဝင်ရန် ဆန္ဒရှိနေကြ၏။ စည်းလုံးမှုအပိုင်းတွင် ကောင်းကင်ဒေသည် နတ်ဆိုးဘုံကို မယှဉ်နိုင်ပေ။

ထို့အပြင် ထိပ်သီး နတ်ဆိုးကျင့်ကြံသူများစွာလည်း ရှေ့နှစ်များအတွင်း၌ ထွက်ပေါ်ခဲ့သည်။

ထိုမတိုင်ခင်က စီဝေ့ကြယ်ကောင်းကင်သည် ချိပ်ပိတ်ခံခဲ့ရပြီး ကြယ်ကောင်းကင်အတွင်းရှိ ကျင့်ကြံသူများသည် သူတို့ရသမျှနှင့်သာ ကျေနပ်ရောင့်ရဲခဲ့ရသည်။ သူတို့သည် ကျင့်ကြံခြင်းအပိုင်းတွင်လည်း ကန့်သတ်ခံခဲ့ရ၏။ စီဝေ့ကြယ်ကောင်းကင်သည် မဟာအင်ပါယာစီဝေ့က ကာကွယ်ပေးခဲ့သည့် နောက်ဆုံးနယ်မြေဖြစ်ပြီး ကျင့်ကြံသူများသည် ရီဖူရှင်းက သူတို့၏နန်းတော်သခင်ဖြစ်လာခဲ့ကတည်းက တိုးတက်လာခဲ့သည်။ သို့သော် သူတို့သည် အခြားအဓိကလောကများနှင့် ယှဉ်လျှင်မူ နောက်‌ကောက်ကျနေသေးသည်။

ဒဏ္ဍာရီထဲက ဖူရှင်း (အဆက်)Where stories live. Discover now