စာစဉ် (၁၉၄)

180 7 0
                                    

အပိုင်း ၂၇၆၂ရပ်တည်မှု

ရီဖူရှင်း ထွက်ပေါ်လာသည်ကို မြင်သည့်အခါ၌ပင် ဒွန်ဟောင်တိယွမ်က အမူအရာပြောင်းလဲသွားခြင်းမရှိပေ။ သူမက အေးစက်စွာ ပြောလိုက်သည်။

"အဖေက ရှင့်ကို အသက်ရှင်ခွင့်ပေးခဲ့တာ အရင်တုန်းက ပတ်သတ်မှုကြောင့်ပဲ။ အင်ပါယာနန်းတော်က ရှင့်ကို ဘယ်တုန်းကမှ မသတ်ခဲ့တာ။ ဒါပေမယ့် ရှင်က မှော်နက်စစ်တပ်နဲ့ မဟာမိတ်ဖွဲ့ရလောက်အောင် နိမ့်ကျသွားလိမ့်မယ်လို့ ကျွန်မ ထင်မထားမိဘူး။ အဲဒီလိုဆိုမှတော့ ရှင်က အသတ်ခံရသင့်တယ်။"

သူမ၏ အသံက လေဟာနယ်အတွင်း ပျံ့နှံ့လာသည်။ တစ်ချိန်တည်းတွင် သူမက အောက်ဘက်ရှိ ရီဖူရှင်းကို လက်ညှိုးညွှန်လိုက်သောအခါ မရေတွက်နိုင်သည့် အစစ်အမှန် နဂါးနှင့် ဖီးနစ်တို့က အော်မြည်ကာ အောက်သို့ တဟုန်ထိုးပြေးဆင်းလာသည်။ ၎င်းတို့က နေကို ဖုံးလွှမ်းထား၏။ ကြီးမားသည့် ပုံရိပ်များက ကောင်းကင်ကို ဝါးမြိုချင်နေပြီး အောက်ဘက်ရှိ ရီဖူရှင်းကို အလွန် သေးငယ်သလို ထင်မှတ်ရစေသည်။

ထိုစဥ်က အရှင်ဒွန်ဟောင်သည် ရီဖူရှင်းကို အမှန်တကယ် လွှတ်ထားပေးခဲ့သည်။ လေးမျက်နှာကျေးရွာ၏ ဆရာသခင်ကြောင့် သူက ရီဖူရှင်းကို မသတ်ခဲ့ပေ။ ဒွန်ဟောင်အင်ပါယာနန်းတော်က ထိုအဖြစ်ကြောင့် သူ ပို၍ အားကောင်းလာသည်ကို ခွင့်ပြုထားခဲ့ခြင်းဖြစ်ကာ ထိုသည်မှာ အရှင်ဒွန်ဟောင်က မည်မျှ သဘောထားကြီးသည်ကို ပြသနေသည်။ သို့သော် ဤသည်က အရှင်ဒွန်ဟောင်၏ စိတ်ထဲ၌ အပြစ်ရှိမှုကို ခံစားနေရ၍ ဖြစ်နိုင်သလား။

ရီဖူရှင်း၏ ကိုယ်ပေါ်တွင် နတ်အလင်းတို့ တောက်ပလာသည်။ သူက ရှေ့သို့ ခြေလှမ်းလိုက်ပြီး သူ့မျက်လုံးများက ကြောက်မက်ဖွယ် ကောင်းလာသည်။ ထိတ်လန့်တုန်လှုပ်စရာကောင်းသည့် မှော်မျက်လုံးပညာ၏ နယ်မြေတစ်ခုအဖြစ် ပြောင်းလဲသွား၏။ ချက်ချင်းပင် အံ့သြတုန်လှုပ်ဖွယ် မုန်တိုင်းစွမ်းအားတို့ ထွက်ပေါ်လာကာ ဆင်းသက်လာနေသည့် အစစ်အမှန် နဂါးနှင့်ဖီးနစ်တို့ကို လွှမ်းခြုံသွားသည်။

ထိုအစစ်အမှန် နဂါးဖီးနစ်များက ချက်ချင်းပင် စတင်အော်မြည်လိုက်ကြပြီး ရက်စက်ကြမ်းကြုတ်စွာနှင့် သာမန်ထက် လွန်ကဲစွာ ရန်လိုလာကြသည်။ ၎င်းတို့က အော်မြည်နေရင်း ကောင်းကင်တွင် အပြင်းအထန် ရုန်းကန်နေကြ၏။ သူတို့၏ ကြီးမားသော မျက်လုံးများထဲတွင် ရီဖူရှင်း၏ ပုံရိပ်က ရောင်ပြန်ဟပ်နေသည်။

ဒဏ္ဍာရီထဲက ဖူရှင်း (အဆက်)Where stories live. Discover now