P 1

1K 56 12
                                    

ကောင်းကင်ယံတစ်ခုလုံး မိုးတိမ်တွေမဲလျက် တိမ်တိုက်တွေရွေ့လျားနေသည်။ လေ‌ပြေအေးအေးတွေတဝှီဝှီတိုက်ခတ်နေတဲ့လမ်းမထက် လူခြေလဲတိတ်လျက်။

အုတ်ခုံလေးတစ်ခုတွင်ထိုင်နေသော ကလေးတစ်ယောက်နှင့် ထိုအုတ်ခုံလေးဘေး၌မတ်တပ်ရပ်ကာ တိမ်တွေဖုံးလွှမ်းလာတဲ့‌ေပျာက်ကွယ်လုနီးနီး နေမင်းကြီးကိုကြည့်နေတဲ့လူငယ်လေးတစ်ယောက်။

" P'..မိုးရွာတော့မယ်ထင်တယ် "

" အင်း...မိုးရွာတော့မယ် "

ထိုစကားသာဆိုလျက်တိတ်ဆိတ်သွားပြန်တဲ့‌အကိုဖြစ်သူအားမော့ကြည့်လျက်...

" အိမ်မပြန်သေးဘူးလားဟင် "

ထိုသို့မေးတော့ အကိုကသက်ပြင်းချသည်။ ရနေကျအဖြေကိုပင်ပြန်ရလိုက်သည်။

" အကို့ကိုဘယ်သူမှပြန်မလာစေချင်ဘူး "

Fotသိသည်။ Chayaကိုအိမ်ပြန်ခေါ်လဲလာမှာမဟုတ်တာကိုလုံးဝအသေအချာသိသည်။ ဘောင်းဘီအိတ်ထဲအမြဲဆောင်ထားတဲ့ ဆေး‌လိပ်ဗူးနဲ့မီးခြစ်ကိုထုတ်ကာ ဆေးလိပ်မီးညှိနေသည့် အကိုအားကြည့်ကာ Fotအမှန်ပင်ငိုချင်လာတော့မို့ ထိန်းမရစွာငိုမိတော့သည်။

" အရင်က P'Chayaကိုပြန်လိုချင်တယ် "

ရှိုက်ကြီးတငင်ငိုနေတဲ့ညီလေးအားကြည့်ရင်း  ဘာမှမတုံ့ပြန်ခဲ့တဲ့ Chayaဟာ သူခံစားချက်မရှိလို့မဟုတ်ပါ။ သူလဲနာကျင်ရသည်။ သူကပိုလို့နာကျင်ရသေးသည်။ သို့သော် "မိသားစု" ဆိုတဲ့နာမ်စားတစ်ခုအောက်မှာ သူချစ်ရတဲ့ညီငယ်လေးကလွဲရင် ကျန်သူကအမုန်းကြီးမုန်းရသူ‌ေတွမို့ "အိမ်"ဆိုတဲ့အရာကိုစိတ်နာခြင်းသာ။

ဆေးလိပ်မီးကိုသတ်လိုက်ရင်း  ငိုနေတဲ့ညီငယ်လေးရှေ့ဒူးတစ်ဖက်ထောက်လျက်ထိုင်လိုက်ကာ...

" အိမ်ပြန်ချင်ပြီမလား လာ...အကိုပြန်ပို့ပေးမယ် "

မပြန်ချင်ပါသော်လည်း အကို့အနားမှာဆက်နေချင်ပါသော်လည်း  ပြန်ခဲ့ရသည်။ 

-------------

စာရေးစားပွဲတွင်စာလုပ်နေရင်း ပြတင်းပေါက်ကလေတိုးဝှေ့တာမို့  အပြင်ကိုအာရုံလွင့်ပြယ်ပြန်သည်။  မေးစေ့ကိုလက်ဖြင့်ထောက်ရင်း လှုပ်ခတ်နေတဲ့သစ်ပင်သစ်ကိုင်းလေးတွေကိုငေးကာ  အတွေးတွေကလွန်ကဲလာပြန်သည်။ 9နှစ်အသက်အရွယ်နဲ့မလိုက်အောင်ပင် ထိုကလေးမှာတွေးစရာ ပူပန်စရာတွေရှိနေသည်။

Ago (လွန်ခဲ့သော)Where stories live. Discover now