P 10 (I found him)

293 45 14
                                    

စာသင်ချိန်တောင် စိတ်ထဲမသိုးမသပ်ဖြစ်နေရတာ Geminiဆိုတဲ့အဲ့လူကြောင့်။ မဆုံချင်ဘူးပြောပါတိုင်းလဲ အကြည့်ချင်းခနခနဆုံတော့ နေရခက်ပါရဲ့။

ကျောင်းဆင်းချိန်

" Fotပြန်မယ်လေ "

" အာ...အင်း "

Geminiကို ဂိုက် ပြပေးနေတဲ့ကိစ္စ အခုထိသူတို့ကိုမပြောရသေးဘူးပဲ။ ပြောလိုက်ရင်လဲ  ဒေါသငယ်ထိပ်ရောက်တော့မဲ့ Vanရဲ့မျက်နှာကိုပြေးမြင်နေမိလို့ Fotမှာပြောရခက်။

‌အဲ့အကြောင်းက်ိုဘယ်လိုပြောရမလဲဆိုတာ တွေးနေတာနဲ့တင် ကျောင်းရှေ့ဘယ်လိုရောက်လာမှန်းတောင်မသိချေ။

Van, Pan, Fot သုံးယောက်သား အတူတူလမ်းလျှောက်လာရင်း  အရှေ့ကနေပိတ်ရပ်လိုက်တဲ့ကားကြောင့်  ခြေလှမ်းတွေရပ်တန့်သွားရသည်။

ဒီကားက မဟုတ်မှ...

ကားအနောက်ခန်းက ကားမှန်ချလာသည်နှင့်တပြိုင်နက် 'တက်' ဟုတစ်ခွန်းသာဆိုလာသော Geminiကြောင့် Fotသက်ပြင်းချမိသည်။

" ဘာကိစ္စတက်ရမှာလဲ "

ဘုနဲ့ဘောက်ပြန်ပြောမိတော့ Geminiမျက်ခုံးများတွန့်ကွေးသွားသည်မို့  Fotတစ်ယောက်လွယ်အိတ်ကို ကျစ်ကျစ်ပါအောင်ကိုင်ထားမိသည်။ စိတ်တိုသွားတဲ့ Geminiမျက်နှာက သေလောက်အောင် ကြောက်ဖို့ကောင်းသည်။

" မင်းတက်မလား ငါဆွဲခေါ်ရမလား "

" မတက်ဘူး ဆွဲမခေါ်နဲ့ "

ဒီချိန်မှာ အဲ့လူကို စကားအကောင်းမပြောချင်တာအမှန်ပါ။

တစ်ချိန်လုံးကန့်လန့်တိုက်နေတော့ Gemini ကကားပေါ်ကဆင်းလာလျက် Fotကို လက်ကောက်ဝတ်မှအတင်းဆွဲခေါ်တော့သည်။

" အောင်း Gemini...လွှတ်... "

အခြေအတင်ဖြစ်နေသော အခြေအနေတစ်ခုမှာ ခွက်ကနဲ ကြားလိုက်ရတဲ့အသံအဆုံး Geminiဟာ အနဲငယ်အနောက်သို့ ယိုင်သွားသော်လည်း Fot ရဲ့လက်ကိုမလွှတ်ပါ။

Geminiမျက်နှာပေါ်ကျရောက်သွားတဲ့ Vanရဲ့ လက်သီးချက်ဟာ မြန်ဆန်လွန်းတာမို့ တားဖို့အချိန်တောင်မရလိုက်ချေ။

Ago (လွန်ခဲ့သော)Waar verhalen tot leven komen. Ontdek het nu