P 2

478 49 7
                                    

မျက်လုံးကိုဖြေးဖွစွာဖွင့်ကြည့်တော့ မျက်စိရှေ့မှာတင်လူတစ်ယောက်ကိုမြင်လိုက်ရသည်။ ဘေးပတ်ခြာလည်‌ကြည့်တော့လဲ ကိုယ့်အိပ်ခန်းထဲမှာပဲကိုယ်ရှိနေသည်။ 'ဒါကဘယ်လိုအခြေအနေလဲ သူကရောဘာလို့ငါ့အခန်းထဲရောက်နေတာလဲ' ဟုတွေးကာ ‌ကြည့်နေမိတော့

" မင်းအိပ်မက်ဆိုးမက်တာလား "

တစ်ဖက်ကစကားစလာတော့ Fotတစ်ယောက်မျက်စံလေးအနဲငယ်လှုပ်ကာစဉ်းစားသွားသည် တစိမ်းတစ်ယောက်ကိုစကားပြန်ဖြေလို့သင့်ရဲ့လားဆိုတာနဲ့ အိမ်ထဲကနေမောင်းထုတ်ရမလားဆိုတာ။

" ဘယ်လိုငါ့အိမ်ထဲရောက်နေတာလဲ "

" အောင်း....ဒါက... "

ထူးဆန်းနေတဲ့ သူ့ပုံစံကြောင့် Fotလှဲနေရာမှထထိုင်လိုက်သည်။ ထို့နောက်သူ့ကိုသေချာစိုက်ကြည့်ရင်း မျက်နှာကိုတည်လျက်

" မင်းဘာလုပ်ဖို့ကြံစည်နေတာလဲ "

ထိုသူကထင်ထားသလိုအကြည့်ကိုလွှဲမပစ်ပေ။ သို့သော်အနဲငယ်တုန်လှုပ်နေတာကိုတော့ သူ့မျက်လုံးတွေထဲတွင် Fotမြင်နေရသည်။ ‌ထို့ကြောင့် ခေါင်းအုံးအောက်ထဲကဓားကိုထုတ်ရန်အပြင်....

" အိုခေ...အိုခေ...ငါပြောပြမယ် "

ထိုစကားကြောင့် Fotရပ်တန့်လိုက်သည်။ ထို့နောက် သူ့အားသေချာကြည့်ကာ

" အင်း "

" ငါ့ကိုရပ်ကွက်ထဲကလူတွေလိုက်ဖမ်းနေလို့ ‌မင်းတို့ခြံတံခါးကဖွင့်ထားတော့ဝင်ပုန်းမိတာ ပြီးတော့ မင်းသတ်ိလစ်သွားတာမြင်လို့ ကူညီပေးတာ "

Fotယုံရခက်မယုံရခက်နဲ့ ထိုသူအားခြေစခေါင်းဆုံး ကြည့်လိုက်သည်။ အသက်ကတော့ရွယ်တူနီးပါးပေ။

" အင်း...ထားပါတော့ "

နေမကောင်းတဲ့အရှိန်ကြောင့်ရော စိတ်အခြေအနေမကောင်းတာကြောင့်ရော Fotဘာမှအရမ်းပြောမနေတော့ပဲ ငြိမ်နေလိုက်သည်။ လုပ်ကြံသူရှိတော့လဲ သေလိုက်ရုံပေါ့လို့တောင်သူတွေးမိသေးသည်။ မတရားထိုးကိုက်နေတဲ့ခေါင်းကိုလက်ဖြင့်ခပ်နာနာလေးထုကာ သက်ပြင်းအခါတစ်ရာချ‌နေမိသည်။

Ago (လွန်ခဲ့သော)Where stories live. Discover now