P 14 ( Whatever HappensII )

278 37 3
                                    

" မင်းကဘယ်သူလဲ "

ဖုန်းလာကိုင်‌သူက Geminiဟုတ်မနေတာမို့ Fotရဲ့စကားသံလေးတွေ ရပ်တန့်သွားသည်။ အတော်ကြာသည့်တိုင် ငြိမ်နေရာမှ

[ ဟို...Gemမရှိဘူးလားဟင် ]

အိပ်ပျော်နေသော Geminiနိုးမလာစေရန် အခန်းအပြင်သို့ထွက်ရင်း ဝရံတာသို့လျှောက်သွားရင်း

" အိပ်နေတယ် "

[ အော်...ဟုတ်ဟုတ် ဒါနဲ့... P'က P'Riyo လားဟင် ]

" သိတာလား "

[ ဟုတ် ကျတော်က Fourth ပါ Panရဲ့သူငယ်ချင်းလေ ]

မျက်ခုံးတစ်ဖက်ပင့်သွားသော Riyoက ဝရံတာဘောင်ပေါ်လက်တင်ရင်း တွေးသွားသည်။

" ငါဒဲ့ပဲမေးမယ် မင်းနဲ့ငါ့ညီကဘယ်လိုပတ်သက်မှုမျိုးလဲ "

[ ဟို...အဲ့တာ... ]

အနဲငယ်အကြပ်ကိုင်သွားသော Fotဟာ အဖြေကိုအတော်ကြာသည်အထိ စဉ်းစားသွားရသည်။ အတော်ကြာသည်ထိပြန်ဖြေမလာရာမှ မရဲတရဲအသံလေးဖြင့်

[ ချစ်..ချစ်သူတွေပါ ]

-------------------

အိပ်ရာကနိုးလာသော Geminiတစ်ယောက် ရေမိုးချိုး ကျောင်းဝတ်စုံလဲကာ အောက်ထပ်သို့ဆင်းလာခဲ့သည်။ ထမင်းစားခန်းထဲတွင် ရောက်နှင့်ပြီးဖြစ်သော အကိုဖြစ်သူကိုနှုတ်ဆက်ကာ ဝင်ထိုင်ရင်း လွယ်အိတ်ထဲတစ်စုံတစ်ရာရှာနေမိသည်။

ဖုန်းက်ို ခုံပေါ်ပစ်တင်ပေးလိုက်သော Riyoကြောင့် မော့ကြည့်ရင်း ဖုန်ုးတစ်ချက်ပြန်ကြည့်ကာ အနဲငယ် မျက်စံလေးတွေလှုပ်ရှားသွားသော်လဲ စိုက်စိုက်ကြည့်နေသော အကိုဖြစ်သူကြောင့် ဟန်မပျက်ပဲ ဖုန်းကိုယူကာ

" ကျတော်ကပျောက်လို့ရှာနေတာ "

" မနက်ကဖုန်းကခနခနလာနေလို့ ငါကိုင်ထားတာ "

ထိုစကားကြောင့် အနဲငယ်မျက်လုံးလှန်ကြည့်တော့ မိမိအားအသေအချာကိုစူးစိုက်ကြည့်နေသူကြောင့် မျက်လွှာပြန်ချရင်း

" အော်... "

ဖုန်းကိုဖွင့်ကြည့်လိုက်တော့ Fotရဲ့ miss callများစွာကိုမြင်လိုက်ရသည်မို့ စိတ်ထဲမအေးဖြစ်သွားရသည်။

Ago (လွန်ခဲ့သော)Where stories live. Discover now