P 7 (Who are you)

348 44 15
                                    

အိမ်စာများအားလုံးအပြီးသတ်ပြီးချိန်  ဖုန်းကိုကောက်ကိုင်ကာ Igထဲ ဟိုကြည့်ဒီကြည့်လိုက်ကြည့်ရင်း  Vanရဲ့postတစ်ခုတတ်လာတာမို့ react ပေးလိုက်သည်။

အိမ်မှာနေရင်းအပေါ်ကတီရှပ်မိုးပြာရောင်ကို အောက်က ဘောင်းဘီတိုအနက်‌လေးနှင့် ကုတင်ပေါ်တွင် သူ့အိမ်ကကြောင်လေးတစ်ကောင်နှင့်  ရိုက်ထားသည့်ပုံအမျိုးမျိုးကို တစ်ပုံချင်း‌လိုက်ရွှေ့ကြည့်မိတော့ Vanရဲ့ချောမောမှုကအတိုင်းအစမရှိပါလားလို့ ထပ်ပြီးဩချရပြန်သည်။

[ အိုဟို ကျမကောင်လေးသာဖြစ်လိုက်ပါတော့ ]

[ N'အဲ့လောက်မချောပါနဲ့ ]

[ အဲ့လောက်ချစ်ဖို့ကောင်းနေရင် နှလုံးသားလေးကမခံနိုင်တော့ဘူး ]

Commentတွေဖတ်တာနဲ့တင် Vanက popular ဖြစ်တဲ့သူမှန်းသိသာ၏။

ရုတ်တရပ် ‌ညနေကကိစ္စကိုပြန်တွေးရင်း သူများစိတ်ဆိုးနေမလားဆိုတဲ့စိတ်နဲ့ Follow မလုပ်ရသေးတဲ့ Vanရဲ့ig accလေးကို follow လိုက်သည်။

မထင်ထားတဲ့တုံ့ပြန်မှုကြောင့် Fotမှာမျက်ခုံးတောင်ပင့်သွားရသည်။ အကြောင်းကတော့ ချက်ချင်း follow back လိုက်တာကြောင့်ပင်။

Van [ မင်းဘယ်တော့လာ folမလဲစောင့်နေတာ ]💬

Fot [ အင်း ငါအခုမှမြင်မိလို့ပါ ]💬

Van [ အင်း ]💬

Fot [ Van,မင်းငါ့ကိုစိတ်ဆိုးနေတာလား ]💬

Van [ ဟင် ဘာအတွက် ]💬

Fot [ ညနေကလေ ငါမင်းလက်ကိုဖယ်ချမိလိုက်တာ ]💬

Van [ အိုဟို အတွေးသမားလေးပဲ 555 ]💬

Van [ ငါစိတ်မဆိုးပါဘူး ဒီတိုင်း ငါကိုင်တာမကြိုက်ဘူးထင်မိလို့ပါ ဒီလောက်ပဲ ]💬

Fot [ ခေါ်ထို့နား ငါတကယ်မရည်ရွယ်ပါဘူး ]💬

Van [ it's ok na Nong တွေးမနေနဲ့ ]💬

Vanဘက်ကဘာမှမဖြစ်ပါဘူးလို့ အခါတစ်ရာပြောသည်ရှိမှသာ Fotမှာစိတ်အေးနိုင်တော့သည်။

ခင်တွယ်ရာ Panအပြင်Vanဆိုတဲ့ ကောင်လေးကပါ ရှိလာပြီလေ။ လူတိုင်းနဲ့ ရင်းရင်းနှီးနှီးပြောပေးတတ်တဲ့ Fotလေးအတွက် မိတ်ဆွေမရှားပါ။ သို့သော် သူငယ်ချင်းဟူ၍တော့ Panသာရှိနေခဲ့သည်လေ အခုတော့ သူငယ်ချင်းစာရင်းတွင် Vanဆိုသည့်နာမည်ကိုပါထည့်သွင်းလိုက်သည်။

Ago (လွန်ခဲ့သော)Where stories live. Discover now