P 12 (Mine)

318 45 13
                                    

ရှုပ်ထွေးလွန်းတဲ့ ခံစားချက်အကြောင်း အကြိမ်ကြိမ် တစ်ညလုံးအိပ်မပျော်တဲ့ထိ တွေးကြည့်ပြီးပြီ။ 3နှစ်ကြာမှ ပြန်တွေ့ပြီး ခံစားချက်တွေပြောင်းလဲသွားတာဟာ ဆယ်ကျော်သက်မို့ စိတ်ကစားတာများလား။ သူနဲ့အနီးကပ်နေကြည့်ဖို့ ချဉ်းကပ်ရင်း ဂိုက်အဖြစ်သူ့ကိုကိုယ့်အနားခေါ်ထားသည်။ ထို့နောက် ကိုယ့်ခံစားချက်တွေကို ကိုယ်စမ်းသပ်ခဲ့သည်။ အနေနီးချိန်ပိုသိသာလာသောရင်ခုန်သံက Fourth Nattawat ဆိုတဲ့ဒီကောင်လေးကိုချစ်မိနေခဲ့တာလို့သက်သေပြုန်ိုင်ခဲ့သည်လေ။

အခုတော့ Fourth Nattawat ကငါ့အပိုင်...

" Gem~ "

" အင်း "

" ဟိ~ "

ရယ်သံသေးသေးလေးကြောင့်ငုံ့ကြည့်တော့ ရင်ခွင်ထဲပေါက်စက လူကိုမော့ကြည့်ရင်း တခစ်ခစ်ရယ်နေသည်။ တစ်ချိန်လုံး လူကိုကြည့်လိုက် ပြုံးလိုက် အသဲယားအောင်လုပ်ပြလိုက်နဲ့ အခုလဲကြည့်။

" Gem~Gemini~ လူဆိုးကောင်~ "

နှုတ်ခမ်းလှလှလေးက အသံ‌ချိုချိုလေးနဲ့ လူကိုအသဲယားအောင် နာမ်စားပေါင်းစုံခေါ်တတ်သည်။ ငါသိခဲ့တဲ့ Fotဆိုတာ ဒီလိုချွဲတတ်တဲ့ ကောင်လေးဖြစ်မယ်မှန်းမသိခဲ့ဘူး။

" မင်းဂျပန်မှာတုန်းက ဘယ်လိုနေခဲ့ဟင် "

" ဟင် သာမန်ပါပဲ ကျောင်းတတ်တယ် သူငယ်ချင်းတွေနဲ့လျှောက်လည်တယ် အိပ်တယ် စားတယ် "

" ... "

ကောက်ကနဲ ရင်ခွင်ထဲကထွက်ကာ မျက်နှာကိုတစ်ဖက်သို့လှည့်ရင်း ဘာစကားမှမဆိုသော Fotအားကြည့်ကာ ပြုံးလိုက်သည်။ ထို့နောက် ခေါင်းလေးအား ဖွဖွကိုင်ကာ

" မင်းကိုလွမ်းတယ်လို့ပြောစေချင်တာလား "

ခေါင်းခါပြကာ ခေါင်းပေါ်တင်ထားတဲ့ လက်ကိုဖယ်ရင်း မတ်တပ်ထရပ်လိုက်သည်။

" အတန်းချိန်ပြန်စတော့မယ် "

" ... "

တုပ်တုပ်မျှမလှုပ်ပဲ လူကိုစိုက်ကြည့်နေသူကြောင့် Fotသက်ပြင်းချကာ

" ငါစိတ်မဆိုးဘူးလို့ လာ ထ သွားမယ် "

" ချစ်တယ် "

Ago (လွန်ခဲ့သော)Where stories live. Discover now