အိမ်ရှေ့ကားရပ်သည်အထိ ရင်ခွင်ထဲကပေါက်စကိုဖယ်ခွာလို့မရပါ။ ဖယ်မို့ကြံတိုင်း လက်တွေကိုအတင်းယူကာ ရင်ခွင်ထဲမျက်နှာအပ်ကာ တအိအိ အူယားအောင်ချွဲနေသူလေးက ဘာအကောင်လေးမှန်းကိုမသိတော့ချေ။
" Fot မင်းအိမ်ထဲမဝင်တော့ဘူးလား "
ခေါင်းခါပြကာ ရင်ခွင်ထဲငြိမ်နေသူလေးက မပြောပေမဲ့ ဘယ်လောက်တောင်မှ သတိတရနဲ့စောင့်ဆိုင်းနေခဲ့ရလဲဆိုတာ သိသာသည်။
" နောက်နေ့လဲတွေ့ရဦးမှာလေ "
" ဟင့်အင်း မင်းကိုမယုံဘူး "
ငိုထားတဲ့အရှိန်ရှိသေးတာမို့ တုန်ယင်နေတဲ့အသံလေးကိုထိန်းပြောနေလို့ထင်သည် အသံလေးကတိုးတိုးလေးနဲ့ သေးသေးလေး။
" မင်းနဲ့တော့ခက်ပါရဲ့ ငါ့က်ိုပြန်တွေ့တာအဲ့လောက်ပျော်ရလား "
ခေါင်းထောင်ကြည့်လာတဲ့ Fotက နဂါးမျက်စောင်းဖြင့်။
" ဆိုလိုတာက မင်းကငါ့ကိုပြန်တွေ့ရတာ ဝမ်းမသာဘူးပေါ့လေ "
" မဟုတ်ရပါဘူး "
" လူလိမ် "
မျက်လုံးကိုလက်ဖြင့်ပွတ်ရင်း ဆူထော်နေတဲ့ နှုတ်ခမ်းလေးနဲ့ စိတ်ဆိုးနေတဲ့လေသံလေးက ချစ်စရာအတိ။
" စိတ်ဆိုးတာလား "
Geminiမေးတော့ တစ်ဖန်ကျရောက်လာပြန်လာပြန်တဲ့ Fotရဲ့မျက်စောင်း။
" မဆိုးပဲနေမလား စတွေ့တည်းကပြောရင်ပြီးရောကို လူကိုအတွေးများအောင်လုပ်တယ် ပြီးတော့ မေးတော့လဲ အင်းမလုပ်အဲမလုပ်နဲ့ အမြင်ကပ်စရာကြီးမင်းက "
ပြောသမျှကို မျက်တောင်မခက်ကြည့်နေသူကြောင့် Fotမျက်လုံးလေးတွေ တောင်တောင်မြောက်မြောက်ကြည့်ရင်း မလုံမလဲဖြစ်လာရသည်။
" ဘာကြည့်နေတာလဲ "
ခေါင်းခါပြပြီးနောက် Geminiက အိမ်ထဲကိုတစ်ချက်ကြည့်လိုက်ရင်း
" မင်းအဖေဆူနေမယ်နော် အိမ်ထဲဝင်တော့ နောက်ကျနေပြီ "
မသွားချင်သွားချင် ပေကပ်ကပ်လုပ်နေတဲ့ အကောင်ပေါက်ရဲ့ နှဖူးအားလက်ဖြင့်ခပ်ဖွဖွတောက်လိုက်တော့ နှဖူးလေးကိုလက်ဖြင့်အုပ်ကာ နှုတ်ခမ်းကဆူပြန်သည်။
YOU ARE READING
Ago (လွန်ခဲ့သော)
Fanfiction" မင်းကလူဆိုးကောင်ဆိုရင်တောင် ငါမင်းကိုချစ်တယ် Gem " " မင်းရောက်လာတည်းကကိုယ့်ဘဝတစ်ခုလုံးကိုပြောင်းလဲပစ်ခဲ့တာ Fotငယ် "