P 13 ( Whatever happens )

313 43 7
                                    

" စိတ်ဆိုးတယ်နော် "

" ဆိုးဆိုး "

" Gemini! "

" ဘာလဲ "

" တွဲလာတာ 1လရှိပြီဆိုတော့ လူကိုဂရုမစိုက်တော့တာလား "

" ... "

ဟုတ်ပါတယ် ဒီကလေးနဲ့ Geminiနဲ့ချစ်သူဖြစ်တာ ဒီနေ့ဆို 1လပြည့်ပါပြီ။ အချိန်တိုင်း Fotကိုစနောက်‌နေရမှ ကျေနပ်တဲ့ Geminiက ဒီနေ့လဲ ထုံးစံမပြတ်။

ပြောနေ‌သည်ကို အဖက်မလုပ်ပဲ ဂိမ်းဆော့နေသည်မို့  စိတ်ဆိုးသည်တဲ့လေ။ အမှန်ဆို ဂိမ်းထဲအာရုံနေတာကတစ်ကြောင်း စိတ်‌ဆိုးသွားတဲ့ သူ့ချစ်သူလေးရဲ့အပြုအမူလေးကိုမြင်ချင်တာက တစ်ကြောင်း တမင်စနောက်နေခြင်းပင်။

သို့သော် တစ်ချက်ကလေးဂိမ်းထဲအာရုံရောက်သွားမိတဲ့အခိုက်  Fotပြောတာတွေကို သတိတောင်မထားမိလိုက်ပေ။ ဂိမ်းတစ်ပွဲပြီးမှ ဘေးကိုလှည့်ကြည့်မိတော့ ခေါင်းလေးငုံ့ကာ ငြိမ်နေသော ချစ်ရသူကြောင့် Geminiလန့်ဖြန့်သွားရသည်။ ခန္ဓာကိုယ်လေးက မို့မို့တက်လာတာမို့ ဒီကလေးငိုနေကြောင်းသိသိခြင်း Gemini စပြီး ပြာယာတော့သည်။

" အာ...ပြောပြော ငါ့ကိုပြော အင်း...အဲ့ရေခဲမုန့်ဆိုင်က ဘာဖြစ်တာ "

ပြာပြာသလဲချော့တော်မူ‌တာမို့ Fotပိုငိုပြတော့သည်။

" ငါတောင်းပန်ပါတယ် ငါခနလေး အာရုံရောက်သွားတာ "

" Gemini ငါ့ကိုမချစ်တော့ဘူး အီးဟီး...သူများသားကို တွဲတုန်းကတွဲပြီး ခုကျ...ဟင့် "

" မချစ်စရာလားကွာ ငါတောင်းပန်ပါတယ်နော် "

ဟုပြောကာ ရှိုက်ကြီးတငင်ငိုနေသူလေးအား ရင်ခွင်ထဲ ထည့်ဖက်ရန်လုပ်တော့ ရင်ဘက်ကိုလက်သေးသေးလေးတွေက တွန်းကန်ထားပြီး 'သူများတွေမြင်ကုန်မယ်' ဟုပြောလာသေးသည်မို့ ပြုံးရသေးသည်။

" မငိုနဲ့တော့နော် "

" ဟင့် Geminiကငါ့ကိုဂရုမစိုက်ဘူး "

" မဟုတ်ရပါဘူးဗျာ  ဒီတစ်ယောက်လေးပဲရှိတာကို  ပြောပါဦး ရေခဲမုန့်ဆိုင်က ဘာဖြစ်လဲ "

မျက်စောင်းလေးတစ်ချက်ပစ်ရင်း မျက်ရည်တွေပြန်သုတ်ကာ သက်ပြင်းလေးချပြီးမှ

Ago (လွန်ခဲ့သော)Where stories live. Discover now