P 3

407 48 6
                                    

အပြာရောင်ကောင်းကင်မှာ ပြေးလွှားနေတဲ့တိမ်တိုက်ဖြူဖြူတွေနဲ့သိပ်ကိုလှပသည်။ ပိုလို့လှပသည်က ငါ့ရဲ့နွေးထွေးရာနေမင်း‌ေလးကငါ့နံဘေးမှာရှိနေသည်။ အခုဆိုငါတို့သူငယ်ချင်းဖြစ်တာ 1လလောက်ရှိပြီ။ ငါ့ရဲ့နေ‌မင်းလေးကသိပ်ကိုနွေးထွေးတာပဲ။

ကောင်းကင်ကြီးကို ငေးကြည့်ရင်းပြုံးနေမိသည်။ လုံခြုံတယ်လို့ခံစားရတဲ့ရပ်ဝန်းတစ်ခုကငါ့အတွက်သိပ်ကိုလှပသည်။

" မင်းကောင်းကင်ကိုကြည့်ရတာသိပ်ကြိုက်တာလား "

သူကမေးလာတော့ ငါခေါင်းငြိမ့်ပြလိုက်သည်။ သူကကောင်းကင်ကိုမော့ကြည့်ရင်း ထပ်မေးသည်။

" လ နဲ့ နေ ဘယ်ဟာပိုကြိုက်လဲ "

" နေ... နွေးထွေးတယ် အနွေးဓာတ်ပေးတယ် "

ငါတုံ့ဆိုင်းခြင်းမရှိဖြေလိုက်တော့ သူကအနဲငယ်တွေးသွားဟန်။ ထို့နောက်ခေါင်းခါလျက် ဘောင်းဘီအိတ်ထဲကနေဆေးလိပ်ဗူးကိုထုတ်သည်။ ငါအံ့ဩသွားသည်။ အခုမှ 13နှစ်ပဲရှိသေးတယ်မလား။ ဆေးလိပ်ကိုသူ့နှုတ်ခမ်းနဲ့တေ့ရန်ပြင်တော့ သူ့လက်ကိုကိုင်ရင်းငါတားလိုက်သည်။ သူကငါ့ကိုကြောင်ကြည့်ရင်း

" ဘာလို့လဲ "

" ဆေးလိပ်...သောက်တာမကောင်းဘူး "

သူကရယ်သည်။ ခပ်ရှရှအသံကြောင့်ငါ့နှလုံးခုန်သံတွေမြန်လာသလိုပင်။ သူကရယ်ရင်းငါ့ခေါင်းကိုဖွလိုက်သည်မို့ ငါ့နှလုံးခုန်သံတွေဗြောင်းဆန်ကုန်ပြီ။ ဒီလေထုကထူးဆန်းနေလိုက်တာ။

" မင်းက Mama's Boyလေးလား "

သရော်သလိုလေသံကြောင့် ငါမျက်မှောင်ကျုံ့ရင်းပြန်ပြောမိသည်။

" ကျန်းမာရေးအတွက်မကောင်းလို့ပြောတာ "

သူကငါ့ခေါင်းကိုဖွနေရာကနေ ဖြည်းဖြည်းလေးပွတ်သပ်ပေးတာမို့ ငါအကြည့်မဆုံနိုင်တော့ပေ။ ဘယ်လိုတောင် လူကိုမြူဆွယ်နေတာလား။

လေထုကြီးကငြိမ်သက်နေသည်။ ငါရှက်နေတာမို့ အကြည့်ချင်းလဲမဆုံရဲ စကားလေးရှာမရသေးပေ။ ဆေးလိပ်နံ့ပြင်းပြင်းကနှာခေါင်းထဲဝင်လာတော့ ငါမော့ကြည့်လိုက်သည်။ တကယ်ပြောရခက်တဲ့လူပဲ။ ငါမျက်စောင်းသာထိုးနိုင်တော့သည်။ တံတားကိုမှီရင်း ငေးကြည့်ရာမြင်ကွင်းကကောင်းကင်မဟုတ်တော့ ဆေးလိပ်သောက်နေတဲ့ငါ့ရဲ့လူဆိုးကောင်လေးဆီ။

Ago (လွန်ခဲ့သော)Donde viven las historias. Descúbrelo ahora