P 9 (Secret Love)

344 46 17
                                    

Geminiကထလာပြီး Fotကိုအပေါ်ထပ်သို့ လက်ဆွဲလျက် ခေါ်သွားသည်။ Fotလဲ အနဲငယ်ရုန်းကြည့်ပေမဲ့ အားမမျှတာ‌မို့ ‌ လက်လျှော့လိုက်တော့သည်။

လှေကားကနေတတ်သွားပြီး ရှေ့ဆုံးမြင်ရတဲ့အခန်းထဲခေါ်သွားသည်။ အခန်းကသန့်သန့်ပြန့်ပြန့်  စာအုပ်စဉ်တစ်ခုရှိပြီး စာအုပ်များဟာလဲ အပြည့်  အခန်းတစ်လျှောက်အပြည့်ကပ်ထားတဲ့ Animation ဇာတ်ကောင်တွေရဲ့ posterတွေ...အရာအားလုံးကို Fotလိုက်ငေးနေမိသည်။ စားပွဲပေါ်တင်ထားတဲ့ Geminiပုံကိုမြင်‌ေတာ့ Fotပြုံးမိသည်ဒါ Gemini အခန်းပေါ့လေ။

Geminiက မှန်ရှေ့ကခုံသို့လာထိုင်ရန်ပြောတော့ Fotတစ်ယောက် ယောင်တောင်တောင်လေးဖြင့်ရောက်သွားသည်။

" ဘာလုပ်မို့လဲ "

" ထိုင်လို့ "

ခုနပဲစာသင်မယ်ဆိုပြီး အခုကျ အပေါ်ထပ်ကိုပြန်ခေါ်လာပြန်ပြီ။ Geminiဟာခန့်မှန်းရခက်သည်။ တကယ်ပဲဘာလုပ်ချင်မှန်းကို Fotမသိတော့ပါ။ သူပြောတဲ့အတိုင်းထိုင်လိုက်တော့ သပတ်ယူကာ Fotရဲ့ခေါင်းကိုသုတ်ပေးသည်။

ဟုတ်သားပဲ ငါ့ခေါင်းရေစိုနေသေးတာပဲ။

ခေါင်းကိုညင်ညင်သာသာသုတ်ပေးနေသော Geminiကို Fotတစ်ယောက်မှန်ထဲကနေ ကြည့်နေမိသည်။

*ဒီလိုဆိုတော့ မင်းကိုငါ့ရဲ့လူဆိုးကောင်လေးလို့ ခနလောက်အထင်မှားလိုက်‌လို့ ရတယ်မလား*

မှန်ထဲကနေတစ်ဆင့် ပြန်ကြည့်လာ‌တဲ့ မျက်ဝန်းတစ်စုံကြောင့် Fotတစ်ယောက်ပြာယာခက်သွားသည်။

ဒီလူရဲ့မျက်ဝန်းတွေကို မကြည့်ရဲပါ ပိုပြီး ခံစားချက်တွေရှိသွားမှာမလိုလား။

ခေါင်းသုတ်ပေးပြီးနောက် စိုနေသေးလားဆိုတာ သေချာစမ်းနေသေးတာ။ ခေါင်းကိုဖွဖွလေးထိကိုင်နေတဲ့ ဒီလူ့အပြုအမူက လုံးဝကို 'လူ‌ဆိုးကောင်လေး' ပါလို့ အထင်မှားပစ်ချင်စရာ။

" Gemini "

" ... "

" ငါမင်းကိုတစ်ခုလောက်မေးချင်တယ် "

မတ်တပ်ရပ်ရင်း သူနဲ့မျက်နှာချင်းဆိုင်သို့လှည့်လျက် မကြည့်ရဲတဲ့မျက်ဝန်းတွေကိုစိုက်ကြည့်ရင်း Fotအရဲစွန့်လိုက်သည်။

Ago (လွန်ခဲ့သော)Where stories live. Discover now