P 16

250 36 8
                                    

မနေ့ညက ဆေးခန်းကပြန်ရောက်တော့ နေမကောင်းတဲ့အရှိန်ကြောင့် Fotအိမ်ပြန်ရောက်ရောက်ချင်းအိပ်ပျော်သွားသည်လေ။ မနက်နိုးလာတာတောင် လူကမူးတူးတူးကျန်နေသေးသည်။ ကျောင်းသွားဖို့အတွက် ပြင်ဆင်ချိန်

(ကလင်)³ [ contact: Gem🌞❤️]

မှန်တင်ခုံပေါ်တွင်မြည်နေသော ဖုန်းအားချက်ချင်းကိုင်လိုက်ကာ

" Hello Gem"

[ Fot...နေမကောင်းဘူးဆို ]

မေးလာသူကြောင့် Fotခနတာတိတ်ဆိတ်သွားပြိးမှ

" ဘယ်လိုသိ... "

[ တောင်းပန်ပါတယ်ကွာ ငါမနေ့ကအကြာကြီးစောင့်ခိုင်းလိုက်မိတာ နောက်ဆို ငါဂရုစိုက်ပါ့မယ်နော် ကလေးလေးအခုသက်သာရဲ့လား ]

ချစ်သူ့စကားကြောင့် ပြုံးမိပါ၏။ ဘာပဲနေနေပါ အခုလိုအချိန်လေးတွေဆို ကျန်တာတွေကိုမတွေးမိပဲ Gemဆိုတဲ့လူသားကို ချစ်မိတာသာသူသိသည်။

" သက်သာပါတယ် ခေါင်းတော့နဲနဲမူးပေမဲ့ အဆင်ပြေပါတယ် စိတ်မပူနဲ့နော် "

[ အင်းပါ ခနနေငါလာခေါ်မယ်နော် စောင့်နေ ]

" ဟင် Gem...ဒီနေ့ဖေဖေအိမ်မှာရှိတယ် ငါ့ဘာငါပဲလာလိုက်ပါ့မယ် ကျောင်းရောက်မှတွေ့ကြမယ်လေနော် "

[ ... ]

တစ်ဖက်ကတိတ်ဆိတ်သွားသူကြောင့် Fotမှာစိတ်ထဲပင်မကောင်းဖြစ်သွားရသည်။ သို့သော်လဲ Gemကိုလာကြိုခွင့်ပြုပေးလို့မဖြစ်။ ဖေဖေက Gemနဲ့Fotအကြောင်းအား ရိပ်မိထားပြီး Geminiဆိုသူ၏ မျက်နှာကိုလဲသေချာမှတ်မိပုံပေါ်ပါသည်။ အကယ်၍ ဖေဖေသာသိသွားရင် ချစ်ရသူနှင့်ဝေးဖို့ကိန်းဆိုက်မည်ဖြစ်သည်။

" တောင်းပန်ပါတယ်နော်Gem "

[ အင်းပါ...ဒါဆိုလဲကျောင်းရောက်မှတွေ့မယ်နော် ]

" ဟုတ် "

[ ချစ်တယ် ]

" ဟုတ် ငါလဲမင်းကိုချစ်တယ် "

ဖုန်းချသွားသည်နှင့် လုပ်လက်စကိစ္စများကို ဆက်လုပ်ပြီး အောက်ထပ်ကိုဆင်းလာသည်။ ဧည့်ခန်းထဲတွင် ဧည့်သည်နှင့် စကားပြောနေသော ဖေဖေ့ကိုတွေ့သည်။ နှုတ်ဆက်ရန်ကြည့်ပေမဲ့ တစ်ချက်လေးတောင်လှည့်ကြည့်မလာတာမို့ Fotလဲ ဒီတိုင်းပဲထွက်သွားရန်ပြင်တော့သည်။

Ago (လွန်ခဲ့သော)Where stories live. Discover now