P 8 (Him)

324 44 14
                                    

ဒီနေ့ကျောင်းကိုရောက်တည်းက တစ်ယောက်ယောက်ကိုမျှော်နေမိတယ်။

" Norawit...ကျောင်းမလာဘူးလား "

နာမည်စာရင်းခေါ်သည်ထိ ရောက်မလာသေးရအောင် ဘယ်တွေများသွားနေပါလိမ့်။

Fotတစ်ယောက်သူ့အနောက်ကနေရာလွတ်လေးအားကြည့်ကာ သက်ပြင်းအခါတစ်ရာချနေမိသည်။ အနဲဆုံးတော့ သူ့မျက်နှာလေးမြင်ရင် အလွမ်းထုထည်လျော့သွားသလိုတော့ခံစားရသည်လေ။

" ဆရာမ ဝင်ခွင့်ပြုပါ "

အတန်းအပြင်က အသံဩဩရဲ့ပိုင်ရှင်ကို အတိအကျပင်သိနေတာမို့  ထိုနေရာသို့ကြည့်လိုက်တော့ ထင်တဲ့အတိုင်းGeminiပင်။

အတန်းထဲဝင်လာပြီးနောက် အေးအေးလူလူသူ့နေရာသူဝင်ထိုင်သည်လေ။

ငါကသာပူလောင်နေတာသူကအေးဆေးပါပဲလား။

အနောက်ကိုမရဲတရဲလေးလှည့်ကြည့်တော့ အေးစက်စက်မျက်ဝန်းပိုင်ရှင်က စိုက်စိုက်ကြည့်‌လာသည်မို့ ဆက်ကြည့်ရန်ပင် အားမရှိတော့ပေ။ အရှေ့ပြန်လှည့်ကာ စာအုပ်နဲ့မျက်နှာကိုအပ်ထားမိသည်။

ရှက်သည်။ သူ့အကြည့်တွေက သိပ်ကိုစူးရဲလွန်းသည်မို့ စိုက်စိုက်မကြည့်နိုင်ပါ။

-------------

နားချိန်

ဆရာကခေါ်ထားသည်မို့ ရုံးခန်းသို့သွားရသေးသည်။ ရုံခန်းထဲရောက်တော့ Geminiဆိုတဲ့လူကိုတွေ့လိုက်ရတာမို့ အဝင်အဝမှာတင် ရပ်တန့်သွားရသည်။

" ဝင်လာလေ Fourth "

" ဟုတ်...ဟုတ် "

ဆရာခေါ်သည်မှ အထဲဝင်သွားကာ Gemini အနားတွင် ဘေးချင်းကပ်ရပ်လိုက်သည်။

" Gemini ကပြောတယ် သင်ခန်းစာတွေအတွက် သူ့ကိုစာပြပေးဖို့လူလိုလို့ပါတဲ့ အဲ့တာ Fourth အဆင်ပြေနိုင်မလား "

" ဗျ...ဗျာ? "

နားကြားများမှားသွားသလား။ တကယ်ပဲ Geminiရဲ့ ဂိုက် လုပ်ပေးရမယ်တဲ့လား။ Geminiကိုကြည့်တော့ သူကတော့ သာမန်ပင်ပြန်ကြည့်လာသည်။

" Fourth ကလဲစာတော်တော့  Gemini အတွက်စာပြပေးဖို့က Fourthနဲ့ပိုသင့်တော်မယ်ထင်လို့ "

Ago (လွန်ခဲ့သော)Where stories live. Discover now