P 15 ( Please stay the same )

279 40 16
                                    

အချစ်ဟာ ချိုမြိန်သည်။ သို့သော် တခါတရံမှာ ပူလောင်သည်ဆိုတာ ကျတော်မေ့နေခဲ့သည်လေ။ စိတ်ပူလွန်းရင် တစ်ဖက်လူအတွက် စိတ်အနှောင့်အယှက်ဖြစ်တတ်သည်။ ပစ်ထားရင်လဲ ဆက်ဆံရေးဟာ သွေးအေးသွားတတ်သည်။ အလျှော့ပေးပါများရင်လဲ အနိုင်ယူချင်တတ်ကြသည်လေ။

အင်း...ငါမင်းကိုသိပ်ချစ်မိခဲ့လို့များလား Gemini...မင်းစေသမျှ မငြီးမငြူလိုက်နာခဲ့တာ ငါသိပ်ကိုမှားသွားသလား။

သုံးနှစ်ကြာပြီးနောက်~

" Gem~ "

" ... "

ဂိမ်းဆော့လျက် ပြောသည်ကိုအာရုံမထားသော ထိုလူကြောင့်သက်ပြင်းချမိပြန်သည်။ စိတ်မကောင်းဖြစ်သော်လဲ ဒီလိုအခြေအနေကို တစ်ခါမကကြုံဖူးပြီးပါပြီ။

(ကလင်)³📱 [ Contact: Van ]

" အင်း Van "

[ ... ]

" အာ...ငါအခု ကျောင်းမှာ "

[ ... ]

" အင်းပါအင်းပါ ငါအခုပဲအစာစားပြီးသောက်လိုက်မယ်နော် "

" ကျစ်! Fourth Nattawat "

ဒေါသတကြီးပြောကာ ဖုန်းကိုချကာ တွန့်ချိုးထားသော မျက်ခုံးများနှင့် လေသံမာမာပြောလာသည်။

" မင်းကိုတခြားလူတွေနဲ့  စကားမပြောနဲ့လို့ငါမပြောထားဘူးလား "

" Vanကသူငယ်ချင်းပါ ပြီးတော့ ငါ့ကိုဆေးသောက်ချိန်ကျော်မှာစိုးလို့သတိပေးတာ "

" မင်းဘာမင်းမသောက်တတ်ဘူးလား ဦးနှောက်မပါဘူးလား "

ဘာကစပြီးဘယ်လိုမှားသွားလဲမသိတော့ပါ။ ငါသိပ်ချစ်ပါတယ်ဆိုတဲ့ လူဆိုးကောင် နုနုညံ့ညံ့စကားလေးတွေပြောတတ်တဲ့လူဆိုးကောင် ငါ့အပေါ်အမြဲအလျှော့ပေးတဲ့လူဆိုးကောင် ငါ့ကိုသိပ်ချစ်တဲ့လူဆိုးကောင်က ဒီလို မကောင်းဆိုးဝါးတစ်ကောင်ဖြစ်သွားမယ်လို့ ငါတကယ်တွေးတောင်မတွေးမိဖူးဘူး။

" ငါတောင်းပန်ပါတယ်နော်Gem နောက်မဖြစ်စေရပါဘူး "

တုန်ယင်နေသော အသံလေးနဲ့တောင်းပန်သော Fotဟာ  ကြောက်လို့မဟုတ်ပါ စိတ်မကောင်းဖြစ်မိတာ။ သူချစ်ရတဲ့သူဟာ သူ့အပေါ်အမြဲတစေ အလိုမကျဖြစ်နေတာမို့ စိတ်မကောင်းဖြစ်မိရုံပါ။

Ago (လွန်ခဲ့သော)Where stories live. Discover now