P 6

310 42 7
                                    

မနက်မိုးလင်း ကျောင်းအတွက်ပြင်ဆင်နေတဲ့အချိန်မှာပဲ Panက 'ငါဒီနေ့ကျောင်းလာနောက်ကျမယ် မင်းပဲသွားနှင့်တော့' ဟုစာပို့လာသည်။

ပုံမှန်ဆို Fotရဲ့အိမ်ကနေကားနဲ့သွားပြီး Panရဲ့အိမ်ကိုသွားခေါ်၍ အတူသွားကြခြင်းဖြစ်သည်။ ‌

Panဟူသည် နေမကောင်းဖြစ်တောင်ကျောင်းကိုအရောက်လာတဲ့သူ  ကျောင်းကိုလဲကျောင်းချိန်ထက်စောပြီးလာတတ်တဲ့သူ တခါတလေဆိုFotအိမ်ကထွက်တာ‌ေနာက်ကျရင်‌ေတာင်ဆူပူတတ်တာ အခုမှဘယ်လိုကြောင့်များပါလိမ့်။

Fot မေးမို့‌စာရိုက်နေတုန်းမှာပဲ Panက 'ငါအရေးတကြီးသွားစရာရှိလို့'ဟူ၍ အပြာရောင်အသံပုံလေးကိုသုံးကာပို့လာသည်။

Panမပါမှတော့လဲ Fotတစ်ယောက်တည်းပင် ကျောင်းလာရတော့သည်။ ကျောင်းဝန်းထဲကနေ အတန်းထဲကိုသွားတဲ့လမ်းတစ်လျှောက် ဟိုသာလိကာမပါတော့တိတ်ဆိတ်လွန်း၍နေတောင်မနေတတ်။

‌ခြေတံကပဲတိုနေလေသလား ကျောင်းဝန်းကပဲကျယ်နေလေသလားတော့မသိ ဒီနေ့‌အတန်းထဲရောက်ဖို့နေနေသာသာ ကျောင်းဝန်းကနေကျောင်းဆောင်ကိုတောင် တော်တော်နဲ့မရောက်သေး။ အရင်ကဆို ဘေးကသာလိကာက သူ့ဇာတ်ညွှန်းအကြောင်းတွေပြောလိုက် လိုင်းပေါ်ကဟာသတွေပြောလိုက် သူကြည့်တဲ့ Animation ဇာတ်ကားတွေအကြောင်းပြောလိုက်နဲ့ဆိုတော့ ဘယ်လိုဘယ်လိုအတန်းထဲရောက်လာမှန်းတောင်မသိဘူး။

" Nong...Nong... "

အနောက်ကနေခေါ်လိုက်တဲ့အသံကြောင့်လှည့်ကြည့်တော့

" ကျောင်းအုပ်ရုံခန်းကိုဘယ်လိုသွားရလဲ "

" အော် ကျတော်တို့အဆောင်ဘက်မှာပဲ "

" လမ်းကြုံလိုက်ခဲ့လို့ရမလား "

" ဟုတ် ရပါတယ် "

လူငယ်ဆန်ဆန် ခပ်ချောချောရုပ်ရည်ရှိပြီး Fotခနတာတော့ငေးမိသည်။ ထိုလူကတစ်လမ်းလုံးဘာစကားမျှပြောမလာတော့ Fotလဲငြိမ်နေရခြင်း။ ကျောင်းအုပ်ရုံးခန်းထဲထိ သူ့ကိုလိုက်ပို့ခဲ့ပြီးနောက် အတန်းကိုသွားဖို့လိုက်တော့

" Fourth သူ့ကိုခေါ်သွားပေးလိုက်ပါ သူကမင်းတို့အတန်းကပဲ "

" အော်... "

Ago (လွန်ခဲ့သော)Donde viven las historias. Descúbrelo ahora