0.

2K 146 11
                                    

ဘုရင်မတစ်ပါးရဲ့ နန်းတက်ပွဲဆိုတာ ပုံမှန်အားဖြင့်တော့  ပျော်ရွှင်စရာပုံပြင်တစ်ပုဒ်ရဲ့ ဇာတ်သိမ်းနဲ့တူပါလိမ့်မယ်။ ဒါပေမဲ့ ကင်မ်ဂါအူးအတွက်တော့ အရာရာတိုင်းရဲ့ စတင်ခြင်းဖြစ်သလို ၊ ပျော်ရွှင်ခြင်းဆိုတာ ချို(ဂျို)နဲ့လာလို့ မေးယူရမဲ့ နေ့ရက်တွေ စတင်ခဲ့ခြင်းသာဖြစ်ခဲ့တယ်။

ကွယ်လွန်သွားပြီဖြစ်တဲ့ ခမည်းတော်ရဲ့ ပထမဆုံး နန်းဆက်ဖြစ်နေတာကြောင့်မို့ ခေါင်းပေါ်ကို အလိုလျှောက်ရောက်ရှိလာတဲ့ သရဖူနဲ့အတူ ရရှိခဲ့တဲ့ အခွင့်အာဏာတွေက ဂါအူးလ်ကို ပေါ့ပါးလွတ်လပ်တဲ့ မိန်းကလေးတစ်ယောက်အဖြစ်ကနေ ပြတ်သားခက်ထန်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်စေခဲ့တယ်။

၂၁ ရာစုမှာ၊ တောင်ကိုးရီးယားနိုင်ငံရဲ့ ဘုရင်မ ဖြစ်ရတာ လွယ်ကူသလားဆိုတဲ့ မေးခွန်းကိုဖြေဖို့ရာ ဂါအူးလ်မှာ အဖြေမရှိခဲ့ဘူး။ သေချာတာ တစ်ခုက ဂါအူးလ်ဟာ တာဝန်ကျေပွန်ဖို့ အတတ်နိုင်ဆုံးကြိုးစားနေသလို၊ ဆက်ပြီးလည်း ကြိုးစားသွားအုံးမှာဖြစ်တယ်။

ငယ်ငယ်တုန်းက အမိန့်ထုတ်ပြန်ချက်တစ်ခုအတွက် တံဆိပ်တုံးနှိပ်ဖို့ ခက်ခက်ခဲခဲ စဥ်းစားနေတဲ့ ခမည်းတော်ကို မပြတ်သားလိုက်တာလို့ စိတ်ထဲကနေ ဂါအူးလ် လှောင်ရယ်ဖူးတယ်။

ခမည်းတော်ရဲ့နေရာကို လက်လွှဲယူရတာ နှစ်နှစ်ကြာချိန်မှာ လေးလံလာတဲ့ ပခုံးပေါ်က တာဝန်တွေနဲ့အတူ ၊ တစ်နိုင်ငံလုံးကို ထမ်းပိုးထားရသလို ခံစားချက်မျိုးနဲ့ ဂါအူးလ်ဟာ ခမည်းတော်ကို နားလည်လာနိုင်ခဲ့တယ်။

" မယ်မယ် ... မင်းသားဂယူဗင်း ရောက်လာပါပြီ "

" အထဲကိုဝင်ခိုင်းလိုက်ပါ "

ဂယူဗင်းက ဂါအူးလ်နဲ့ အသက် ခြောက်နှစ်တိတိကွာတဲ့ ဂါအူးလ် အချစ်ဆုံးမောင်လေး၊ ခမည်းတော်ရဲ့ အငယ်ဆုံးသားလေးဖြစ်တယ်။ အိမ်ရှေ့စံဖြစ်တဲ့ ဂါအူးလ်က အငယ်တွေနဲ့ ရင်းရင်းနှီးနှီးမရှိပေမဲ့လို့ ဂယူ့ကိုတော့ ကြင်ကြင်နာနာရှိသလို အချစ်လည်းပိုတယ်။

" မမ နင် ... ရူးနေတာလား  "

" မင်းသားကင်မ်ဂယူဗင်းကို ဒီအတောအတွင်း အလိုလိုက်ခဲ့မိတာ မယ်မယ့် အမှားပဲ "

𝙻𝚘𝚏𝚝𝚢 [ Completed ]Where stories live. Discover now