14.

674 121 12
                                    

ဂွန်းဝုရဲ့ ရင်ခုန်သံတွေက အရှင့်သားရဲ့ ပါးချိုင့်နက်နက်မှာ မြစ်ဖျားတည်တယ်။

ဂွန်းဝုက ငယ်ဘဝရဲ့ အချိန်တော်တော်များများကို ကင်မ်ထယ်ရယ်ရဲ့ ပါးချိုင့် နက်နက်တွေကို အချိန်ကြာကြာ ငေးကြည့်နိုင်ဖို့ ကြိုးစားရင်းနဲ့ပဲ အချိန်တော်တော်များများကို ကုန်ဆုံးခဲ့တယ်။

ခင်မင်ဖို့ရာ လွယ်ကူပေမဲ့ အပေါင်းအသင်းရွေးတဲ့ ဂယူဗင်းနဲ့ တည့်အောင်နေခဲ့တာကလည်း အရှင့်သားအနားမှာ အချိန်ကြာကြာရှိနေရဖို့အတွက်ပဲဖြစ်ခဲ့တယ်။

မနက်တိုင်း ကျောင်းစောစောလာပြီး ကားနက်ကြီးပေါ်က ဆင်းလာမဲ့ အရှင့်သားကို ငေးဖို့စောင့်ရတာကလည်း ဂွန်းဝုငယ်ဘဝရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့ဖူးတယ်။

စကားရည်လုပွဲတိုင်းမှာ အနိုင်ရတဲ့ ဂွန်းဝုတစ်ယောက် အရှင့်သား အရှေ့အထိ မယောင်မလည်ရောက်သွားပြီး ၊ ဘာစကားမှမပြောနိုင်ခဲ့တာကလည်း အမှတ်တရတွေပါပဲ။

အချစ်ဦးနဲ့ ရည်းစားဦးဆိုတာ လူတိုင်းအတွက် ထပ်တူမကျလောက်ပေမဲ့ ဂွန်းဝုအတွက်တော့ အရှင့်သားတစ်ယောက်တည်းဖြစ်ခဲ့တာ ကံကောင်းခြင်းဖြစ်တယ်။

ချစ်ခြင်းမေတ္တာဆိုတာ ဝေါဟာရလေးလှသလောက် အနောက်မှာ အတ္တ၊ ရယူလိုခြင်းဆိုတဲ့ အရာတွေ ကပ်ငြိပါလာတတ်တယ်။

ပါးချိုင့်နက်နက်မှာ ပျော်ဝင်ရင်း 'အတူသာ ဖြတ်သန်းရမယ်ဆိုရင်' ဆိုတဲ့ အတွေးကို မတွေးခဲ့ဖူးလို့ပြောရင် လိမ်ရာ ကျပါလိမ့်မယ်။

အရှင့်သားကို ဂွန်းဝု စတင်ချစ်ကျွမ်းဝင်မိတဲ့ အချိန်တုန်းက တောင်ကိုးရီးယားနိုင်ငံဟာ marriage equality တောင်မရသေးတဲ့ အချိန်ကာလ။ တော်ဝင်မျိုးနွယ်က မင်းသားတစ်ပါးကို ချစ်ကြိုက်မိတဲ့ ဂွန်းဝုက တကယ်လို့များ လက်ထပ်ဖြစ်ခဲ့ကြရင်ဆိုတာမျိုးတောင် စိတ်ကူးယဥ်ခွင့်မရှိခဲ့ဘူး။

မဖြစ်နိုင်မယ်မှန်း သိသိကြီးနဲ့ ချစ်ခဲ့တာကို နောင်တမရဘူးလားလို့ မေးလာခဲ့ရင် မချစ်မိခဲ့ရင်ရမဲ့နောင်တက ပိုကြီးတဲ့ အကြောင်းပြောပြချင်တယ်။

𝙻𝚘𝚏𝚝𝚢 [ Completed ]Where stories live. Discover now