8.

716 136 12
                                    

ကားစီးရတာကို မနှစ်သက်သည့် ဂယူဗင်းတစ်ယောက် ယူဂျင်းလိုအပ်တာတွေ ဝယ်တာကို ဟိုဟိုဒီဒီလိုက်ပေးရင်း အပြန်မှာတော့ အခန့်မသင့်တဲ့ယာဥ်ကြောအခြေအနေတွေကြောင့် ဘရိတ်ခဏခဏနင်းရတဲ့အခါအခန့်မသင့်ဘဲ မူးဝေလာပြီး နန်းတော်ပြန်ရောက်တာနဲ့ ထိုးအန်တော့တယ်။

" အစ်ကို ရရဲ့လား ... "

ကားပေါ်ကနေ တဟုန်ထိုးဆင်းသွားပြီး အိပ်ခန်းထဲက သန့်စင်ခန်း အထိပြေးသွားတဲ့ ဂယူဗင်း နောက်ကို ယူဂျင်းအပါ ပြေးလိုက်လာပြီး ဂယူရဲ့ ကျောကို ထု​ပေးလာသည်။

" ရတယ် ... ရသွားပြီ "

" အဲ့တာကြောင့် ကားမူးမယ် မလိုက်ခဲ့ပါနဲ့လို့ ကျွန်တော် ပြောတာပေါ့ ... အခုတော့ အန်ပြီမလား ၊ ရရဲ့လား ဘာလုပ်ပေးရမလဲ ၊ ချိုချိုချဥ်ချဥ်တစ်ခုခုသောက်မလား  "

" ရပါတယ်ဆို ယူဂျင်းရဲ့ ... "

ပြာယာခတ်နေတဲ့ ယူဂျင်းကို လက်ကောက်ဝတ်ကို ခပ်ဖွဖွဆွဲပြီး စိတ်ငြိမ်အောင်ပြောယူရသည်။

" သွား ... ဒါတွေဆေးပြီး လာခဲ့မယ် အခန်းထဲကပဲစောင့် "

စိတ်ချပုံမရပေမဲ့ ယူဂျင်းက ဂယူပြောတဲ့ စကားကို နားထောင်ပြီး ရေချိုးခန်းထဲက ထွက်သွားပေးရှာသည်။

အညစ်အကြေးတွေကို ဆွဲချ၊ ပလုတ်ကျင်းပြီး အခန်းပြင်ထွက်လာတော့ ယူဂျင်းက သူ့ရဲ့ အိပ်ရာပေါ်မှာ ကျကျနနထိုင်နေပြီး ကုတင်ဘေးမှာထောင်ထားတဲ့ ဂယူဗင်းတို့ သူငယ်ချင်း သုံးယောက်ပုံကို ယူကြည့်နေသည်။

ဇီဇာကြောင်သည်အထိတော့ မဟုတ်ပေမဲ့ အသန့်အပြန့်ကြိုက်တတ်တဲ့ ဂယူက အပြင်က ပြန်လာတဲ့ လူတစ်ယောက် သူ့ကုတင်ပေါ်တက်ထိုင်နေတာကို ပုံမှန်ဆို အတော်လေးသဘောမကျတတ်တာဖြစ်သည်။ သူများတွေလို ကုတင်ပေါ် မတက်ရဘူး၊ ဘာညာတော့ မဟုတ်ပေမဲ့ အပြင်ကပြန်လာတဲ့လူကိုယ်ပေါ်မှာ ပိုးမွှားတွေပါလာတယ်လို့ ခံစားရတာကြောင့်ဖြစ်သည်။

သူငယ်ချင်းတွေကိုသာဆို ချက်ချင်းဆွဲချမိပြီး ခြေလက်ဆေးခိုင်းမှာပေမဲ့ အဲ့သည်လို တက်ထိုင်နေတဲ့လူက ဟန်ယူဂျင်းဖြစ်နေတာမို့ ဘာမှတော့ ပြောချင်စိတ်ရှိမနေပါ။

𝙻𝚘𝚏𝚝𝚢 [ Completed ]Where stories live. Discover now